gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ကျတော်နဲ့ Nikon D7000 ကင်မရာ - ၁



သူငယ်ချင်း တစ်ယောက် ကျေးဇူးနဲ့ အရင်ကိုင်နေတဲ့ Nikon D200 + Tamron 18-200 lens နဲ့ Nikon D7000 နဲ့ အလိုက်ပေး လဲလိုက်ပါတယ်... အခုအချိန်အထိတော့ Nikon D7000 ကို အတော်လေး ကြိုက်မိနေပါတယ်... Nikon D7000 က D90 နဲ့ D300 ကြား level ကင်မရာအနေနဲ့ ထွက်ရှိလာတာပါ... camera body က Nikon D90 ထက် အနည်းငယ် ပိုကြီးပြီး D300 ထက် ပိုငယ်ပါတယ်... 16.2 MP DX-format CMOS sensor ကို အသုံးပြုထားပြီး ၁-စက္ကန့်ကို ၆-ပုံ အမြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပြီး အဲဒီ အမြန်နှုန်းနဲ့ ပုံ၁၀၀ အထိ မနားတမ်း ဆက်တိုက် ရိုက်ကူးနိုင်ပါတယ်... SD memory ကဒ် ၂-ကဒ် ထည့်သွင်းနိုင်ပြီး ပထမ ၁-ကဒ် ပြည့်မှ နောက် ၁-ကဒ်မှာ ပုံတွေ သိမ်းနိုင်သလို တပြိုင်းတည်း ကဒ် ၂-ကဒ်စလုံးမှာ ပုံတွေ သိမ်းနိုင်ပါတယ်... ပထမကဒ်မှာ RAW ဖိုင်သိမ်းပြီး ဒုတိယကဒ်မှာ JPG ဖိုင်သိမ်းနိုင်ပါတယ်... ဒါမှ မဟုတ် ဓာတ်ပုံကို ၁-ကဒ်မှာသိမ်းပြီး Video ကို နောက် တစ်ကဒ်မှာ သိမ်းနိုင်ပါတယ်... 
Nikon D7000 မှာ 1080p HD Movies ရိုက်ကူးနိုင်ပြီး ဗီဒီယို ရိုက်ကူးရာမှာ Auto Focus ရတဲ့ ပထမဆုံး Nikon DSLR camera က D3100 ဖြစ်ပြီး အခု D7000 က ဒုတိယပါ... ကျတော် စမ်းကြည့်တာ AF-S lens သာမက AF lens တွေပါ auto focus လုပ်ပါတယ်... AF lens နဲ့ auto focus လုပ်ပြီး movie ရိုက်ရင် lens motor လည်သံတွေ ဗီဒီယိုထဲ ပါပါတယ်... HD ဖြစ်လို့လားတော့ မသိ.. ရုပ်ထွက် အလွန်ကောင်းပါတယ်... movie ရိုက်ကူးရာမှာ တဆက်တည်း ရိုက်ကူးမယ်ဆို မိနစ်-၂၀ အထိပဲ ရိုက်ကူးလို့ရပါတယ်... Nikon D7000 ရဲ့ movie quality ကို ကြည့်ချင်ရင်တော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်...

ISO 100-6400 အထိ ပြောင်းလဲ ရိုက်ကူးနိုင်ပြီး ISO 25600 အထိကို ရိုက်ကူးလို့ရပါတယ်... ISO မြှင့်လိုက်လို့ ဖြစ်ပေါ်လာတဲ့ noise တွေကို တော်လေး လျော့ကျအောင် လုပ်ထား ပေးတာ တွေ့ရပါတယ်... ကျတော် ISO ပြောင်းပြီး စမ်းရိုက်ထားတဲ့ ပုံတွေကို ယှဉ်ကြည့်ပါဦး...














ဓာတ်ပုံတွေ မမြင်ရပါက http://www.facebook.com/photo.php?fbid=10150164376724784&set=a.381887164783.159460.691314783&type=1 မှာကြည့်နိုင်ပါတယ်...

 

Nikon D7000 Specifications
Image Sensor: 16.2 million effective pixels.
Metering: Matrix, centre-weighted metering and spot.
Effective Sensor Size: 23.6×15.6mm CMOS.
A/D processing: 12/14-bit.
35 SLR Lens Factor: 1:5x.
Compatible lenses: Nikon F mount (with AF contacts).
Exposure Modes: Auto, Program AE, shutter and aperture priority, manual.
Shutter Speed: Bulb, 30 to 1/8000 second, Bulb. Flash sync: 1/250-1/320 sec.
Memory: SD/SDHC/SDXC cards.
Image Sizes (pixels): 4928×3264 to 2464×1632. Movies: 1920×1080 to 640×480 at 24/25/30fps.
Viewfinders: Eye level pentaprism, 7.5cm LCD (921,000 pixels).
File Formats: NEF (RAW), NEF (RAW)+JPEG, JPEG, MPEG4.
Colour Space: Adobe RGB, sRGB.
ISO Sensitivity: Auto, 100 to 6400.
Interface: USB 2.0, AV, HDMI mini, DC input, external mic, remote.
Power: Rechargeable lithium ion battery, AC adaptor.
Dimensions: 132×105x77 WHDmm.
Weight: Approx. 690 g (with memory card and battery).


My Labels: Nikon D7000 review, Photography, Camera, gear

Comments

TZA said…
အားကျတယ်ဗျာ..
kokoseinygn said…
အလိုက်ဘယ်လိုပေးရလဲကိုမောင်လှ....
ကျနော်လည်းtarmon18-200လက်ရှိသုံနေတယ်...d-200 ကအားနည်းချက်ရှိလားသိချင်ပါတယ်။ဒီမှာတော့
d-200က၀မ်၃၀၀၀၀၀လောက်ဘဲရှိပါတယ်။။
d-700လက်ရှိဝမ်၁၂သိန်းကျော်ပါတယ်။
အခုကောဘယ်လိုlensကိုသုံးနေပါလဲ။
ကင်မရာအကြောင်းတွေသိရလို့ ကျေးဇူးတင်
ပါတယ်ဗျာ....။
Tun Myint Aung said…
အကိုလှရေ ကင်မရာကောင်း ၁လုံးဝယ်မယ်ဆိုရင် ဘယ်လိုအချက်တွေကိုကြည့်ပြီးဝယ်ရမလည်း ကင်မရာကောင်း၁ လုံးမှာ ဘယ်လိုစွမ်းပကားတွေရှိရမှာလည်း ကျွန်တော့ကိုရှင်းပြပေးပါ photo and video အတွက်ပါ ကင်မရာ ရဲ့ zoom အကြောင်းနဲ့ model အကြောင်း တွေကိုပါရှင်းပြပေးပါ အကိုလှရေ ကျွန်တော်က ၀ါသနာနဲ့ ခုမှစမလို့ပါ။
aungthutun said…
ကင်မရာအကြောင်း ဖတ်ရတော့ ပျော်မိပါတယ်....ကျွှန်တော်လဲ ကင်မရာကို စိတ်ဝင်စားပါတယ်...လေ့လဲ လေ့လာပါတယ်။ လက်တွေ.တော့ နဲနဲပဲလုပ်ဖူးပါတယ်.....ဖြစ်နိုင်ရင် အဆင့်မြင့်မြင့် ကင်မရာအကြောင်းကို ဖတ်ချင်ပါတယ်........ကျွှန်တော့အမြင်..ကျွှန်တော် သိသလောက်ပြောရလို.ရှိရင်တော့ Full frame ကိုတော့အကြိုက်ဆုံးပါ။ ဒါပေမယ့် ငွေကြေးရယ် ကိုတက်နိုင်တာနဲ.ဆိုရင်တော့ လောလောဆယ် Canon eos 70d နဲ. Nikon D7100 ကိုရွေးချင်တယ်ဗျာ....ဖြစ်နေတာက ပုံထွက်ကောင်းတဲ့ ပစ်ဇယ်ပေါ့ဗျာ....ကောင်းတဲ့ Nikon D7100 ကိုကြိုက်ပေမယ့် low pass filter မပါတော့ အချို.အပိုင်းတွေကြတော့ moire ဖြစ်တက်တယ်လို.ကြားမိလို.ပါ။ moire မဖြစ်အောင် ဘယ်လိုရိုက်ရတယ်ဆိုတာ သိသူများ ............သို.မဟုတ် ဦးမောင်လှကနေ ဖြေပေးစေချင်ပါတယ်ခင်ဗျာ.ကျေးဇူးပါ
Anonymous said…
Nikon D5200 နဲ. Nikon D3200 ဘယ် ဟာ ၀ယ် ရင် ပိုကောင်း မလဲ ငဗျ။ ခုမှ စကိုင်မှာပါ ဈေး လဲ အရမ်း မကွာ လို. ခင်ဗျ။
MgHla said…
Tun Lin Thant ခင်ဗျား...
D5200 နဲ့ D3200 မှာ D5200 က grade ပိုမြင့်ပါတယ်...
ကျနော်က လက်ရှိမှာ D3200 လေး ကိုင်နေပါတယ်။ တစ်ခုသိချင်တာက Tamron Lens က သုံးရတာ အဆင်ပြေလား ဆိုတာပါ။ ကျနော့်အနေနဲ့ Tamron ကို ၀ယ်သူံးချင်လို့ပါ . .သူက ဈေးနှုန်းလဲ သင့်တင့်တယ် ထင်မိလို့ပါ။
myothant said…
မင်္ဂလာပါ ​ဗျာကျ​နော်​ က အခု မှစပြီး ​လေ့လာတဲ့ သူပါviewfind က​နေကြည့်​ပြီး လူပုံ ကို focus ဘယ်​လိုထားသင့်လည်း ​နောက်​ပြီး camera ကို ကိုင်​ပုံကိုင်​နည်း ​လေး ​လေ့လာလို့ ရ မဲ့ စာအုပ်​ ​လေး ရှိ့ ရင်​ လမ်းညွန်း​ပေးပါ ​ဗျာ

Ad