gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Wednesday, October 13, 2010

မန္တလေး မြို့သစ်ဘက်က ရေဝပ်နေတဲ့ ဓာတ်ပုံ အချို့.. Mandalay News

မနေ့က ရေဝပ်တဲ့ (သတင်းစာ အသုံးအနှုန်း) မြို့သစ် ၃-နေရာလောက် ရောက်ခဲ့ပါတယ်... ပါသွားတဲ့ ကင်မရာက wide lens နဲ့မို့ အဝေးက ရေဝပ်နေတာကို လှမ်းမရိုက်နိုင်ခဲ့ပါဘူး... မနေ့က ရေတော်တော်လေး ပြန်ကျသွားတယ်လို့ ဆိုပါတယ်... 





ဘယ်ဘက်က ထရံကာ အိမ်မှာ ရေတက်ခဲ့တဲ့ အရာရှိပါတယ်...



ဘယ်ဘက်က ဝင်းထရံမှာ ရေတက်ခဲ့တဲ့ အရာရှိပါတယ်...


အလှူရှင်တွေ ဝေတဲ့ ထမင်းထုပ်တွေ ယူပြန်လာတဲ့ လင်မယား ၂-ယောက် ထင်ပါတယ်...





အရင်က ဒီမှာ ဗေဒါပင် မရှိပါဘူး... ဒီဗေဒါပင်တွေက ရေနဲ့အတူပါလာတာပါ... ဒီနေရာက ကျွဲဆည်ကန် ကားကြီးဝင်းရဲ့ အရှေ့ဘက် သိပ်မကွာဝေးတဲ့နေရာမှာ ရှိတာပါ...



My Labels: Flooding in Mandalay, Myanmar, Burma, မန္တလေးမှာ ရေကြီးခြင်း, မန်းလေး, MDY

Saturday, October 09, 2010

မန္တလေးမှာ မိုးတွေရွာနေတယ်... ရေတွေကြီးနေတယ်... Mandalay News

မန္တလေးမှာ ၇-၁၀-၁၀ နေ့ညနေစောင်းကတည်းက မိုးတွေရွာနေတာ အခုအချိန် အထိ ရွာနေတုန်းပါ... ရွာလိုက် တိတ်လိုက်ပေါ့... ရေတော်ပါတဲ့ မိုးပါ... မိုးရွာတဲ့ ရေတွေရော နားတောင်းကျချောင်း၊  ပန်းရံတော်ချောင်းတို့ကနေ လျှံတက်လာတဲ့ ရေတွေကြောင့်ပါ မနေ့က မနက်ပိုင်းမှာ မြို့သစ်ဘက် အချို့ နေရာတွေမှာ ခါးလောက်ထိ (၃-ပေခန့်) ကို ရေတွေ တက်နေတယ်လို့ သိရပြီး ညနေ ၄-နာရီနောက်ပိုင်း ထပ်သည်းတဲ့ မိုးကြောင့် အချို့ နေရာတွေမှာ ရင်ညွှန့်လောက်ထိ (၄-ပေလောက်အထိ) ရေတွေ တက်နေတယ်လို့ သိရပါတယ်... စေတနာရှင် တွေဆီကနေ အလှူငွေ ကောက်ခံပြီး ရေဝင်နေတဲ့ မြို့သစ်ဘက်တွေမှာ မနေ့ကစပြီး  ထမင်းထုပ် ဝေနေတယ်လို့ သိရပါတယ်... အခု မနက် ၉း၁၅ နာရီမှာ Google Earth ကနေမြင်တွေ့ရတဲ့ တိမ်တိုက်ကြီးကိုလည်း ရှုစားပြီး မုန်တိုင်းကြီး အဆင့်သို့ မရောက်ဘဲ ပျက်ပြယ်သွားပြီး ရေဘေးက ကင်းဝေးကြပါစေလို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦး ခင်ဗျာ...



My Labels: Mandalay, Myanmar, Burma, Weather