gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဒါနဲ့စကားမစပ်...

My Labels: Taung Pyone, Mandalay News, Myanmar
 
ဒါနဲ့စကားမစပ်...
တောင်ပြုံးပွဲကို  ၁၉၈၇-၈၈ ဝန်းကျင်လောက်ပဲ တစ်ခေါက်ရောက်ဖူးတယ်... ငယ်သေးတော့ လူတိုးရတာပဲ မှတ်မိတယ်... ကျန်တာ ဘာမှ မမှတ်မိဘူး... ဒီနှစ်တော့ အဖော်ကောင်းတာနဲ့ တောင်ပြုံးပွဲကို ရောက်သွားတယ်... ညီလာခံနေ့ ဖြစ်နေတော့ နတ်ကတာတွေကို ညနေ ၃-နာရီမှ စတယ်... တောင်ပြုံးပွဲသွားပြီး နတ်ကတဲ့ပုံ မရခဲ့တာ ကျတော် တစ်ယောက်ပဲ ရှိလိမ့်မယ် ထင်တယ်... ဒါပေမယ့် ကျတော် ဘဝမှာ မမြင်ဖူးတဲ့ အဝတ်အစားနဲ့ ပုံတွေ မြင်ခဲ့ရခဲ့တာ အမြတ်ပါပဲ... ကျတော် ရိုက်ထားတဲ့ တောင်ပြုံးပွဲက ဓာတ်ပုံတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်နိုင်ပါတယ်... 


ဒါနဲ့စကားမစပ်...
မန္တလေးမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကို ဒီလ (၃)ရက်နေ့ကစပြီး စစ်ဆေးဖမ်းဆီးမယ် လို့ သတင်းစာတွေက ကြေငြာနေတာ သတင်းစာထဲမှာ စည်းကမ်းဖောက်ဖျက်တဲ့ မော်တော်ယာဉ် ဘယ်နှစီး၊ မော်တော်ဆိုင်ကယ်ဘယ်နှစီး၊ အမှုပေါင်း ဘယ်နှမှု ဖမ်းဆီးနိုင်ခဲ့တယ် ကြေငြာတာကို တွေ့ရပါတယ်... အရင်က စစ်ဆေးမှုတွေကို နေ့လယ်ဘက်တွေမှာ စစ်ဆေးခဲ့ပေမယ့် ဒီတစ်ခါတော့ ညဘက်တွေမှာ အဓိက စစ်ဆေးတယ်လို့ သိရပါတယ်...

Comments

Ako Myo Aung said…
ဒါနဲ့စကားမစပ် Blogspot ကို ပြန်ဖွင့်ပေးလိုက်ပြီလို့ကြားတယ်

Ad