photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Thursday, December 03, 2009

ဒါနဲ့ စကားမစပ်....

ဒါနဲ့ စကားမစပ်.... 
ခံစားမှုရသတွေ ပေးစွမ်းနိုင်တဲ့ အကြောင်းအရာလေးတွေ ရေးတတ်တဲ့၊ သူ့ရဲ့ ဘလော့ကို သွားဖတ်ရင် ဝမ်းနည်းမှုတွေ၊ ဖော်ပြလို့မရတဲ့ ခံစားမှုတွေ ခံစားရနိုင်တဲ့  မနိုင်းနိုင်းစနေရဲ့ ဘလော့ကို ပြည်တွင်းမှသူများ http://www.99sanay.com/  ကို အသုံးပြုပြီး သွားကြည့်နိုင်ပါပြီ... 

ဒါနဲ့ စကားမစပ်.... 
မန္တလေးမြို့မှာလည်း မီးတွေ ပြန်ပျက်ပြီး အလှည့်ကျ မီးပေးစနစ်ကို ပြန်သွားနေပါပြီ... မန္တလေးမှာ  လမ်းတွေ ခင်းနေတာက ဂျပန်ကပေးတဲ့ အကူအညီနဲ့ ခင်းနေတာလို့ သိရပါတယ်... မန္တလေးမှာ ရာသီဥတုက အေးပြီး နေလို့ကောင်းနေပါပြီ...

ဒါနဲ့ စကားမစပ်.... 
Eleven News Journal ရဲ့ သတင်းအရ အကောက်အခွန်မဲ့ဆိုင်ကယ်များကို  တစ်နိုင်ငံလုံး စီးနင်းသွားလာနိုင်သည့် ၁၇/ယ နံပါတ်ဖြင့် လိုင်စင်ချထားပေးမယ်လို့ သိရပါတယ်... နာဂစ် ရံပုံငွေအတွက်ဆိုပြီး လုပ်ပေးခဲ့တုန်းကတော့ ဆိုင်ကယ် အရောင်းအဝယ်တွေနဲ့ စည်ကားဖူးပေမယ့် အခုတော့ သိပ်ပြီး လှုပ်လှုပ်ရွရွ မတွေ့ရသေးပါဘူး....

ဒါနဲ့ စကားမစပ်.... 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇-ရက် ကနေ ၁၉-ရက်နေ့အထိ ဆရာ ဦးမြင့်မောင်ကျော်နဲ့ ဆရာအော်ပီကျယ်တို့ ၂-ယောက် ပူးပေါင်း ပြသခဲ့တဲ့ My Nature - Engagement with the changing Earth ဆိုတဲ့ ပြပွဲလေးကို ကျတော် ရောက်ခဲ့ပါသေးတယ်... ပြသထားတာတွေနည်းလို့ သိပ်အားရကျေနပ်မှုတော့ မရှိခဲ့ပါဘူး... ဒါပေမယ့် ကျေနပ်မိပါတယ်... ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းက အခု ရေပန်းစားနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်နေလို့ တင်ပေးလိုက်ပါတယ်...


 



No comments: