gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ရတနာပုံမြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော် (Mandalay News)

ဒီနေ့ မနက်ကျင်းပခဲ့တဲ့ ရတနာပုံမြို့တည် နန်းတည် နှစ်၁၅၀ပြည့်ပွဲတော် ကိုရောက်ခဲ့ပါတယ်... နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းကတော့ နိုင်ငံတော် အဆင့် ကျင်းပခဲ့တယ်လို့ သိရပြီး အခု နှစ် ၁၅၀ပြည့်ကတော့ တိုင်းအဆင့်သာ ကျင်းပတာဖြစ်ကြောင်း သိရပါတယ်... အခမ်းအနား ဘယ်အချိန် စမယ်မသိတော့ စာနယ်ဇင်းသမားတွေကို မေးကြည့်တော့မှ မနက် ၈-နာရီ စမယ်လို့ သိရတာနဲ့ ရုံးက နေ့တဝက်ခွင့်ယူပြီး အပြေးလေးသွားပြီး ဓာတ်ပုံတွေ ရိုက်ခဲ့တာပါ... ရှေးမြန်မာမင်းများ လက်ထက်ကအတိုင်း ဝင်းခင်းရာမှာ မြင်းများကို မြင်းအစစ်သုံးခဲ့ပေမယ့် ဆင်များကိုတော့ ကျောက်ဆည် အရုပ်ဆင်များကိုသာ အသုံးပြု ခဲ့ပါတယ်... ဆင်အစစ်များ အသုံးပြုဖို့ ရည်ရွယ်ထားသော်လည်း လာကြည့်တဲ့ ပရိတ်သတ်ကို ဆင်များကြောက်လှန့် ထွက်ပြေးမှာစိုးတဲ့ အတွက် အရုပ်ဆင်များကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်...



















My Labels: Mandalay News, Burma, Myanmar, News,

Comments

Anonymous said…
မန္တလေးမြို့ နှစ်(၁၅၀)ပြည့်ပွဲတော် မမှီလိုက်လို့ အကိုတင်တဲ့ပို့စ်တွေ စောင့်ဖတ်မယ်စိတ်ကူးနဲ့ ကျောင်းက ပြန်ကတည်းကဖွင့်ထားတာ..အခုလို အလွမ်းပြေလေးတွေ မြင်တွေ့ခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ်ဗျာ။
Taungoo said…
နှစ်၁၅၀ပြည့်ဆိုတော့ အနည်းဆုံးတော့ ပုံ ၁၅၀လောက်တော့ ရိုက်ခဲ့မယ်ထင်ပါတယ်။ ကိုမောင်လှရေ ထပ်တင်ပါဦး။ ဖြည်းဖြည်းချင်းပဲဖြစ်ဖြစ် ရပါတယ်။
megumi said…
မန္တလေးကို လွမ်းသွားတယ်။ ဓာတ်ပုံတွေကောင်းလွန်းလို့။
တင်ပေးလို့ ကျေးဇူးပါ။
Mandalay 150th anniversary photos here too www.thungechinmyar.co.cc

ကိုမောင်လှကြီး နဲ့ တကွ အားလုံးကို လာရှုဖို့ဖိတ်ပါတယ် ခင်ဗျာ ... အလွမ်းပြေနဲ့ အမှတ်တရပေါ့ .. ကိုမောင်လှပုံတွေလောက်တော့ လှဘူးနော့် :)

Ad