gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မနေ့က ... (Mandalay News)

မနေ့က seminar တစ်ခုတက်အပြီး ညနေ ၄-နာရီလောက် ပြန်လာတော့ လမ်းမှာ လေပွေလိုမျိုး လေတိုက်တာတွေ ဖြစ်နေပြီး ဖုန်တွေအများကြီးပါပဲ... ရုံးပြန်ရောက်ပြီး သိပ်မကြာပါဘူး... ၄-နာရီခွဲလောက်မှာ လေတိုက်တာ ပိုပြင်းလာပြီး မိုးတွေပါ ပါပါတယ်... လေတိုက်တာ ပြင်းလို့ထင်ပါရဲ့... မိုးတွေက အထက်အောက် သွားတာမျိုး မဟုတ်ဘဲ ဘေးတိုက်သွားနေတယ်... တဝုန်းဝုန်းနဲ့ အသံတွေ ဆူညံလို့ပေါ့ဗျာ... တော်သေးတာပေါ့ နာရီဝက် ဝန်းကျင်လောက်ပဲတိုက်လို့... ၃-နာရီ ၄-နာရီလောက်သာ ဆက်တိုက်မယ်ဆိုရင်တော့ နာဂစ်လိုမျိုး ဖြစ်သွားလိမ့်မယ်... ရုံးက ပြန်တော့ လမ်း-၈၀ နဲ့ ၃၅-လမ်းထောင့်က အချိုရည် billboard တစ်ခု မြေခ နေလေရဲ့... ကားတစ်စီးရဲ့ နောက်ပိုင်းလည်း အဲဒီ ဘုတ်နဲ့ ထိပြီး ပျက်စီးမှု ရှိတယ်လို့ ကြားတယ်... ကျတော်တို့ ဖြတ်သွားတဲ့အချိန်မှာတော့ ကားမတွေ့တော့ဘူး... အင်ဂျင်ဝိုင်ကြော်ငြာဘုတ် တစ်ခုလည်း ထောင့်တွေ တွန့်ကုန်တာမြင်ခဲ့ရတယ်... ၃၅-လမ်း မီးရထား ဂုံးကျော်ပေါ်က ဘုတ်အသေးလေးတွေလည်း လဲတဲ့ဟာလဲ ကျိုးတဲ့ကျိုးနဲ့... မြို့တော် စည်ပင်က billboard တွေရဲ့ ကြံ့ခိုင်ရေးကို ပြန်လည် စစ်ဆေးသင့်နေပြီ... ကျတော်တို့ ခေါင်းပေါ်မှာ ရှိနေတဲ့ billboard တွေထောင်ခွင့်ကိုလည်း စီစစ်ပြီး ချပေးသင့်နေပြီ...




My Labels: Mandalay News, Burma, Myanmar News

Comments

Sit Mone said…
Ko Mg Hla,
I am a regular visitor of your blog to see a peak view of Mandalay through your wonderful photos.
I am away from Mandalay for 20 years, but your photos really make me (the feeling of back home) at least a short moment in a day thousands miles away from Mandalay.
I shall be much grateful if you would take a recent photo of 26B road in front of Shell and Zay Cho, to share with all of us who are away fr Mandalay.
regards,
Sit Mone
mm thinker said…
ကြိုတင်ကြေညာတာ မရှိဘူးလား။
Unknown said…
Byoe Ko Mg Hla,

Ko Hla yae mandalay photo twe tawe tot MDY ko ta ti ya tel byar.

Kyun taw lae MDY nae way nay tar taw taw kyar pe byar ...

Lwan tel byar .... MDY yay`
ဟိုးအရင် ၂ နှစ်လောက်က မန်းကိုလာတုံးကလဲ အဲလိုဖြစ်တာတွေ့ရတယ်။ ဒီလိုအချိန်ပဲဗျ။ သင်္ကြန်ပီးနောက်ပိုင်းပဲ။ မေမြို့ကနေပြန်ဆင်းလာတာ။ ကျွဲဆည်ကန်ဖက်မှာ ဆိုင်းဘုတ်တွေလဲ၊ စလောင်းတွေလဲ လမ်းမမှာ ပြန့်ကျဲနေတယ်။
Pinkgold said…
မန်းလေးက billboard တွေက အစကတည်းက ပြိုမယောင် ဖြစ်နေတာ လေလည်းတိုက်ကော ဟုတ်ရောပေါ့ရှင်..
Unknown said…
အစ်ကိုကျွန်တော်အစ်ကိုမောင်လှရဲ့gmail အကောင့်လေးသိပါရစေ။ ကျွန်တော်အကောင့် [email protected]. ကျေးဇူးအများကြီးတင်ပါတယ်အစိကိုမောင်လှ
Unknown said…
တော်သေးတာပေါ့...... လူအထိအခိုက် မရှိလို့.......
ကြော်ငြာဘုတ်တွေကတော့ သိတဲ့အတိုင်းပဲလေ.....
ဘာ foundation ကောင်းကောင်းမှ ရှိတာမဟုတ်...
made by MCDC လေ.... ဟဲ..ဟဲ... သိတယ်ဟုတ်....
nai said…
အကို ရေ .. eot အကြောင်းရေးဖူးတဲ့ ကိုမောင်လှလား သိပါရစေ ခင်ဗျာ ...
နောင်လည်း လာရောက်လည်ပတ်ဦးမယ် အကို
အစစအရာရာ အဆင်ပြေပါစေ
YeYint Nge said…
http://www.yeyintnge.com/2009/05/burma-vj-dvd.html BURMA VJ DVD အခွေဒီမှာရယူပါ။ ။
Anonymous said…
ကိုမောင်လှ ခင်ဗျ ။ မန်း ဓတ်ပုံတွေကို ကြည့်လိုက်ရတာ အရမ်းကြည်နှုးဖို့ ကောင်းပါတယ်။ အဲဒီအတွက်လဲ ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ...

Ps : မြန်မာရက်စွဲလေး ချိန်းလိုက်ဦးနော် ကိုမောင်လှ ရေ ။

ခင်မင်စွာဖြင့်

မနောသား

Ad