gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Mystery Zillion Mobile Dictionary Version 0.1.8 Beta

Mystery Zillion Mobile Dictionary Version 0.1.8 Beta ကို www.mysteryzillion.org က kotharthar ရေးထားတာပါ... အသုံးပြုရတာ အဆင်ပြေပါတယ်... အပြည့်အစုံ ဆွေးနွေးချင်တယ် ဆိုရင်တော့ http://www.mysteryzillion.org/forums/showthread.php?t=2822&page=2 မှာသွားရောက် ဆွေးနွေး နိုင်ကြောင်းပါ...

kotharthar ရေးထားတာပါ...

Mystery Zillion Mobile Dictionary Version 0.1.8 Beta ကိုလက်စသတ်လိုက်ပါပြီ။ အရင်ကရှိတဲ့ performance problem ကိုကျော်လွှားနိုင်ပါပြီ။ အမြန်ဆုံး ဆုံးလို့မပြောနိုင်ပေမယ့် လက်ခံ နိုင်လောက်တဲ့ အချိန်အတိုင်းအတာထဲမှာ ရှာဖွေပေးနိုင်ပါတယ်။
17000+ Words တွေကို 1363KB JAR installer ထဲမှာ ထည့်ထားပါတယ်။ JAVA (MIDP 2.0, CLDC 1.1) support လုပ်တဲ့ ဖုန်းတွေမှာသုံးနိုင်ပါတယ်။ UI ကိုတော့ လိုရင်းတိုရှင်းဖြစ်အောင် လုပ်ထားပါတယ်။ Data Clustering အကြောင်း ဆွေးနွေးပေးတဲ့ ကိုလူပျိုကြီးကို ကျေးဇူးတင်ပါတယ်။ သူ့ဆီက နည်းသစ်တွေ ဒီညရရင် Clustering Technique ကိုပိုပြီး ကောင်းအောင် လုပ်နိုင်ပါမယ်။ အကူအညီပေးဖို့ ကမ်းလှမ်းသူများကို ကျေးဇူးတင်ပါတယ်။ MZ ရှိနေသေးသ၍ ရေရှည်သွားမယ့် ခရီးဆိုတော့ တစ်နေရာမဟုတ်တစ်နေရာ ပါဝင်ကူညီခွင့်များ ရကြမှာပါ။ အခုလောလောဆယ်တော့ ကိုယ့်ဖုန်းများပေါ်မှာ တင်ကြည့်ပြီး Bug Report တွေ Feature request တွေ Supporting Phone Model များကို ရေးသားခြင်းဖြင့် ပါဝင်ကူညီကြစေလိုပါတယ်။ မနက်ဖြန်ညလောက်တော့ Code တွေပါ Available ဖြစ်မယ့် Link ကိုစီစဉ်ပေးပါမယ်။
JAR ဖိုင်လေးကတော့ ဒီမှာပါ။ ဖိုင်ကို ဖုန်းထဲထည့် Rename လုပ်တဲ့အခါ Extension ကို xxxx.jar လို့ပြင်ပြီး install လုပ်။ အကယ်၍ သူများကို ပေးချင်ရင် ဖိုင် extension လေးကို .jar ပြန်ဖြုတ်ဖို့မမေ့နဲ့နော နို့မို့ရင်bluetooth နဲ့ ဝေလို့မရဘဲနေမယ်။ ကြောင်းကျိုး ကောင်းဆိုးကိုတော့ MZ ပေါ်မှာ ပြောကြတာပေါ့။ ဒါကတော့ Video လေးပါ။ http://www.youtube.com/watch?v=dLQdgyT3_4Q

Comments

Cholay said…
အကိုရေ လင့်ကဒေါင်းတဲ့အချိန်မှာ error ပေါ်တယ်။ ကျနော် rar နဲ့ဖြေပြီး repair zip ပြန်လုပ်ပြီးမှ install လုပ်လို့ရတယ်။ တကယ့် perfect application လေးပါဘဲ။ ကျေးဇူးတင်ပါတယ်။ ကျနော့် ဖုန်းမော်ဒယ်က nokia e63 ပါ။

Ad