gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Self Portrait with Light Painting

NativeMyanmar မှာ ကိုမောင်ရိုး ရိုက်ထားတဲ့ စတိုင်မြင်ပြီး ရိုက်ချင်စိတ် ပေါ်လာတာနဲ့ မနေ့က စမ်းရိုက်ထားတာပါ... မော်ဒယ်က ရုပ်ဆိုးတော့ ခွင့်လွှတ်ပါ... မော်ဒယ်ကို ပြချင်တာ မဟုတ်ပါဘူး... အလန်းတန်းတွေကို ပြချင်တာပါ... အဖြူရောင် အလင်းတန်းတွေကို ကျတော့်ရဲ့ ညာဘက်လက်မှာကိုင်ထားတဲ့ ဓာတ်မီးလေးနဲ့ ဖန်တီးထားတာပါ...



Camera: Nikon D40 | Lens: 18~55mm Kit Lens |
ISO: 200 | Shutter Speed: 20 sec | Aperture: 7.1 |
Flash: Built-in Flash REAR

My Labels: Photo, Self portrait, Light painting photo

Comments

chocothazin said…
ကိုမောင်လှရဲ့ ဘလော့ လင့်လေးယူသွားပါတယ်
ညွှန်းပေးမလို့ ပါ
This comment has been removed by the author.
ကိုမောင်လှရေ..တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ဟိုတစ်နေ့က TV မှာအာဖရိကန်မော် ဒယ်လ်တစ်ယောက်ကို ဒီလိုမျိုး အလင်းတန်းတွေကစားပြီး စတူဒီယိုထဲမှာ ရိုက် တဲ့အကြောင်းကြည့်မိပြီး ဒီအကြောင်းကို စဉ်းစားနေ တာဗျ...။ ဒီပုံကို ကြိုက်တယ်။

ဒီတစ်ခါ ထူးထူးခြားခြား Exif ထည့်ပေးလာတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ လေ့လာနေတဲ့သူတွေအတွက် ဒီ Data တွေက တကယ်တန်ဖိုးရှိပါတယ်။
MgHla said…
@Nyi Linn Thit
ကျေးဇူးပါ... Exif တွေထည့်ဖို့အတွက် ပြန်ရိုက်ရမှာ ပျင်းလို့ အရင်က မထည့်ဖြစ်တာပါ...
Unknown said…
မိုက်ပါ့ ဗျာ။ လိုက်လုပ်ဦးမှ
ကိုမောင်လှရေ...
အယ်အေက သီးလေးသီးပွဲ...
အယ်အေမှာ ပထမဦးဆုံးလုပ်တဲ့ ခမ်းနားထည်ဝါတဲ့ အငြိမ့်ပွဲ...
ရုံဝင်ခငွေနဲ့ ဆုံးဖြတ်လို့ မရတဲ့ပွဲ...
သီးလေးသီးက သူတို့  အားခဲထားသမျှ စိတ်ရောကိုယ်ပါ အိပ်သွန်ဖာမှောက် ရှိသမျှကို ပေးသွားတဲ့ပွဲ...
ပရိတ်သတ်ကလည်း သူတို့ နဲ့ တသားတည်းကျကာ ရှိသမျှ ပူပင်သောကတွေ (ခေတ္တ) ပျောက်သွားစေတဲ့ပွဲ...
ပွဲစီစဉ်သူတွေကလည်း ငွေကို အဓိကမထား အချိန်ပို ၃ နာရီကို (မမျော်လင့်ထားပဲ) တိုးစေတဲ့ပွဲ...
အယ်အေရာဇ၀င်မှာ ဆုကြေးငွေ အများဆုံးရတဲ့ပွဲ...
ပွဲကြည့်သူများ ပွဲပြီးသွားတော့ ပွဲစီစဉ်သူတွေကို ကျေးဇူးတင်တဲ့ပွဲ...
ပရိတ်သတ်များ အားရကျေနပ်သလို...စီစဉ်သူများ ငွေကုန် လူပန်း နပ်တဲ့ပွဲ...
အဲဒါ အယ်အေက သီးလေးသီးပွဲ...
ပြည်သူတို့ ရဲ့ပွဲ...
manawphyulay said…
ကိုမောင်လှရေ...
ရေလည် လန်းတယ် ပုံတွေက ရှယ်ပဲ... နည်းနည်းပါးပါး သင်ပေးပါဦး... ညီမလေးဆီလည်း လာလည်ဦးလေ...
www.goldmyanmar.myanmarbloggers.org
www.yamin.iblogger.org

Ad