gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

mmGeeks.org Burmese Input System FireFox Add-on


mmGeek.org မှ ထုတ်လုပ်လိုက်တဲ့ Burmese Input System FireFox Add-on ကို အသုံးပြုပြီ Mozilla FireFox မှာ Zawgyi-One font ကို အသုံးပြုပြီး မြန်မာစာကို အလွယ်အကူ install လုပ်ပြီး စာရိုက်နိုင်ပါပြီ... ယခင်က Planet နဲ့ Alpha Zawgyi တို့မှ ထွက်ရှိခဲ့တဲ့ Zawgyi Keyboard Layout (IME) ဟာ .exe နဲ့ဖြစ်တဲ့အတွက် သာမာန် User Account Level နဲ့ install လုပ်လို့မရပါဘူး... အခု FireFox Add-on ကတော့ သာမာန် User Account မှာလည်း install လုပ်လို့ရပါတယ်...

Burmese Input System FireFox Add-on ကို Install လုပ်ဖို့အတွက် FireFox ကနေ https://addons.mozilla.org/en-US/firefox/addon/8279 ကိုသွားပြီး Add to FireFox ကို click လုပ်ပြီး Install လုပ်ပါ... mozilla.org မှာ register လုပ်ထားဖို့တော့ လိုအပ်ပါတယ်... install လုပ်ပြီးသွားရင် Firefox ကို restart လုပ်ခိုင်းပါလိမ့်မယ်... Restart လုပ်ပြီးလို့ ပြန်တက်လာတဲ့အခါ အသုံးပြုလို့ရပါပြီ...

ဘယ်လို သုံးရမလဲဆိုတော့ FireFox ထဲမှာ Zawgyi-One နဲ့ စာရိုက်ချင်တဲ့နေရာမှာ Right click နှိပ်ပါ...

အပေါ်က ပုံအတိုင်း ပေါ်လာရင် MMGeeks Input System > Burmese ကိုရွေးမယ်ဆိုရင် ပုံမှန် Zawgyi-One ရိုက်နေကျ အတိုင်း စာရိုက်လို့ရပါတယ်... Burglish ကိုရွေးမယ် ဆိုရင်တော့ “နေကောင်းလား ” ရိုက်ချင်တယ် ဆိုရင် "nay kaung lar" ပုံစံမျိုးနဲ့ ရိုက်နိုင်ပါတယ်... nay လို့ ရိုက်လိုက်တယ်... ကျတော်တို့လိုချင်တဲ့ က 0 နေရာမှာရှိရင် 0 (zero) ကို နှိပ်လိုက်ပါ... ကောင်း ပေါ်ဖို့ဆိုရင် kaung လို့ရိုက်လိုက်တယ်... အောက်က ပုံအတိုင်း ကောင်း က 1 နံပါတ်မှာ ရှိတဲ့အတွက် 1 ကိုနှိပ်လိုက်ရပါတယ်...အလားတူ လား ပေါ်ဖို့ lar လို့ရိုက်ပြီး လား ရှိတဲ့ 1 ကိုနှိပ်လိုက်ရင် ရပါပြီ...
အကျယ် သိချင်ရင်တော့ ဒီ mmGeeks.org မှာသွားရောက် ဖတ်ရှု မေးမြန်းနိုင်ကြောင်းပါ...

ဒီလို အသုံးဝင်တဲ့ အခြား project များကို အခကြေးငွေမပါဘဲ ရေးသား ဖြန့်ချီပေးနေတဲ့
mmGeeks.org ကို ကျေးဇူး အရမ်းတင်ပါတယ်...

labels: mmgeeks.org, Myanmar Input System, Firefox Add-ons, Zawgyi, Myanmar Unicode, Burglish, Myanglish

Comments

RePublic said…
ခုလိုမျှဝေ ပေးတာ ကျေးဇူးပါ ကိုမောင်လှ ၊၊မင်္ဂလာပါ ၊၊
servena said…
ကိုမောင်လှရေ အများအတွက် အကျိုးရှိမယ်ထင်လို့ ကျွန်တော့် blog မှာ ကူးယူဖေါ်ပြလိုက်ပါတယ်။ ဒီကိုလည်း ပြန် ညွှန်းပေးပါ့မယ်။ ကျွန်တော့် blog မှာလည်း ဒီ blog ကို တစ်ခါတည်း link ထားလိုက်ပါ့မယ်။

Ad