Tin Tin's Ads

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Saturday, October 27, 2007

နေရာဟောင်းမှာပဲ လိပ်စာသစ်နဲ့ MgHla...

ကျတော် မောင်လှ နေရာဟောင်းဖြစ်တဲ့ blogspot.com မှာပဲ နေထိုင်လျှက်ရှိပြီး ပြည်တွင်းမှ ဆက်သွယ်မယ့်သူများအတွက် ကျော်ခွစရာမလိုတဲ့ http://blog.mghla.com ကနေ ဆက်သွယ်နိုင်ပါတယ်... ပြည်ပရောက်သူများကတော့ မူလ လက်ဟောင်း http://mghla.blogspot.com မှလည်း ဆက်လက် အလည်လာရောက်နိုင်ကြောင်းပါ...
blogger.com ကို ဝင်ရောက် လော့အင်လုပ်နိုင်ခြင်းမရှိသေးသည့်အတွက် comment များကို ပြန်လည် ဖြေကြားခြင်းမပြုနိုင်သေးသည်ကို ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါသည်...


Monday, October 15, 2007

မနေ့က...

မနေ့က ပုဇွန်တောင်ဘက်မှာ နေ့တဝက်ကျော်ကြာအောင် နေဖြစ်တယ်... ပိတ်ရက်ဆိုတော့ လုပ်စရာ မရှိတာရော၊ အဆောင်မှာ တစ်ယောက်တည်း နေရမှာ ပျင်းတာကြောင့်ရော မောင်ရမ်းနဲ့ လိုက်သွားဖြစ်တယ်...  ကွန်ပျူတာသွားပြင်ပေးတာပါ... အပြန်မှာ နာမည်ကြီး ရွှေ့ဧည်သည် စီးဖြစ်တယ်... ထိုင်ခုံအပြည့်သာတင်တဲ့ ရွှေဧည့်သည်မှာ မတ်တပ်ရပ်ပြီး လိုက်စီးရတယ်... ၃-မှတ်တိုင်လောက်ရောက်မှ ထိုင်စရာ နေရာ ကြပ်ကြပ်တည်းတည်းရတယ်... နောက်ထပ် လူတွေ ထပ်တက်လာလိုက်တာ မတ်တပ်ရပ်တဲ့လူတွေ ကားအပြည့်ပဲ... မနေ့က အစ်နေ့မို့လို့လားတော့ မသိဘူး... ကားပေါ်မှာ မွတ်စလင်တွေ များတယ်... ဘာဖြစ်လို့လည်းမသိဘူး... ဘဲချီးစော်နံတယ်... အဲကွန်းလည်း မဖွင့်ဘူး... လှိုင်သာယာဘက် ပြန်တဲ့လူတွေများတယ်... ကြပ်ကြပ်တည်းတည်း၊ ဘဲချီးအနံ့ရှူပြီး မြန်မာကျပ်ငွေ ၃၀၀-ကျပ်ပေးပြီး ရွှေဧည်သည်ကြီးကို မနေ့က စီးခဲ့ရကြောင်းပါ...