photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Monday, January 29, 2007

မောင်လှ နှင့် ရာသီလာခြင်း...

xxx ရေး -
ရာသီလာစဉ် ဆက်ဆံတာကတော့ ကိုယ်ဝန်ရှိဖို့ ပိုနီးစပ်တယ်လို့ မှတ်သားဖူးပါတယ်...

ဖြေချင်နေတာ အူယားနေတာပဲ... ကဲ ခုတော့ ဖြေပြီဗျာ...
သွေးပေပေတွေနဲ့ မရွံဘူးဆိုရင်တော့ ရာသီလာချိန်မှာ ဆက်ဆံတာဟာ ကိုယ်ဝန်လုံးဝ မရနိုင်ပါဘူးဗျာ...

ဒီမှာ ဒီလိုဗျ... မိန်းကလေးတစ်ယောက်ရဲ့ menstrual cycle က ၂၈ ရက်ဆိုပါတော့...
ပထမဆုံး ရာသီလာသွေး စလာတဲ့နေ့ကို ၁ ရက်လို့ စရေတွက်ရအောင်... ၂၈-ရက် သမားဆိုရင်တော့ ၂-နဲ့ စားလိုက်ရင်ထွက်လာတဲ့ ၁၄-ရက် ၀န်းကျင်မှာ မမျိုးဥကြွေပါတယ်... ၁၄-ရက် ထက်စောရင်လည်း စောနိုင်သလို နောက်ကျရင်လည်း နောက်ကျနိုင်တယ်... အဲဒီအချိန်မှာ ဖိုသုတ်ပိုး ၀င်ရောက်သွားပြီး တွေ့ဆုံကြမယ်ဆို မျိုးအောင်ပြီး ကိုယ်ဝန်ရနိုင်ပါတယ်...

အဖိုသုတ်ပိုးဟာ မိန်းကကိုယ်အတွင်းမှာ ၃-ရက်ဝန်းကျင် အသက်ရှင်နေထိုင်နိုင်ပါတယ်... အမမျိုးဥကတော့ ၂-ရက်လောက်ပဲ အသက်ရှင် နေနိုင်ပါတယ်ဗျ...

ကဲ ... ကိုxxx က ရာသီစလာတဲ့နေ့က စပြီး ရေတွက်လာတဲ့ ၁၂-ရက်နေ့မှာ ဆက်ဆံမိတယ်... ကိုxxx အဖိုသုတ်ပိုးက ဆက်ဆံဖက်ရဲ့ မိန်းမကိုယ်ထဲမှာ ကျန်ခဲ့မယ်... ဆက်ဆံဖက် အမျိုးသမီးရဲ့ မမျိုးဥက ၁၄-ရက်နေ့မှာ ကြွေတယ် ဆိုကြပါတော့... ကိုxxx ကိုယ်ပွားလေးနဲ့ ဆက်ဆံဖက်အမျိုးသမီး ကိုယ်ပွားလေးတို့ တွေ့ကြပြီး... အဟဲ.. နောက်ထက် ၁၀-လလောက်နေရော Jr. xxx လူ့လောကထဲ ရောက်လာရော...

အဲဒီတော့ ... ကိုယ်ဝန်မရချင်သေးဘူးဆိုရင် ၁၄-ရက်ဝန်းကျင်မှာ မမျိုးဥကြွေတတ်တယ်ဆိုတော့ မမျိုးဥ အသက်ရှင်တဲ့ ၂-ရက်ရယ်၊ ဖိုသုတ်ကောင် အသက်ရှင်နိုင်တဲ့ ၃-ရက်ရယ် ပေါင်း ၅-ရက်ရှိမယ်... ပိုစိတ်ချရအောင် ၁-ရက်လောက်ထပ်ပေါင်းပြီး မမျိုးဥ ကြွေနိုင်တဲ့ ရှေ့မတိုင်မှီ ၆-ရက် နဲ့ နောက် ၆-ရက်မှာ ဆက်ဆံမှု မပြုပါနဲ့... ပြုမယ်ဆို ကိုယ်ဝန်ရနိုင်တယ်... မအောင့်နိုင်ရင် အကာအကွယ်သုံးဗျို့...

အလွယ်နည်း မှတ်မယ်ဆို မိန်းကလေးရဲ့ menstrual cycle က ၂၈ ရက်ဆိုရင် လေးပိုင်းပိုင်းလိုက်ပါ... ရာသီသွေး စလာတဲ့နေ့ကို ၁-ရက်လို့ မှတ်ဗျာ... ပြက္ခဒိန်က ၁-ရက်ကို ၁-ရက်လို့မှတ်ရင် မှားသွားလိမ့်မယ်...

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28


ရာသီသွေး စလာတဲ့ ၁-ရက်နေ့ ကနေ ၇-ရက်နေ့အထိ စိတ်ချရတဲ့ရက်တွေ... ဖိုသုတ်ကောင် သက်ရှည်ကျန်းမာနေရင်တော့ မပြောတတ်ဘူး ...

၈-ရက်နေ့ကနေ ၂၀-ရက်နေ့အထိ အောင့်ထားဗျို့... စိတ်မချရတဲ့ ရက်တွေ... ကလေးလိုချင်ရင်တော့ ဒီရက်ထဲမှာ အသည်းအသန် ကြိုးစား...

၂၁-ရက်ကနေ ၂၈-ရက်အထိလည်း စိတ်ချရတဲ့ရက်တွေဗျို့... လှော် သာ လှော်...


မိန်းကလေးရဲ့ menstrual cycle က ၃၀ ရက်ဆိုရင် ဘယ်လိုလဲ ဟုတ်လား... ဒါများ အလွယ်လေး ၁၅-ရက် ၀န်းကျင်မှာ မမျိုးဥ ကြွေနိုင်တယ်... မမျိုးဥ အသက်ရှင်နိုင်တဲ့ ၂-ရက်ရယ်၊ ဖိုသုတ်ကောင် အသက်ရှင်နိုင်တဲ့ ၃-ရက်ရယ်၊ လိုရမယ်ရ ၁-ရက်ရယ် ပေါင်း ၆-ရက်ကို ၁၅-ရက် ရှေ့နဲ့ နောက်မှာ ထည့်လိုက်ဗျာ အောက်မှာကြည့်လိုက်တော့ဗျာ... အစိမ်းနဲ့ပြထားတဲ့ ရက်တွေဆို စိတ်ချနိုင်တယ်... ဆက်ဆံလို့ရတယ်... အနီနဲ့ပြထားတဲ့ ရက်တွေဆိုရှောင် ကိုယ်ဝန်ရနိုင်တယ်...

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30


မင်းသမီးလေး (မမျိုးဥ) က မင်းသားလေး (ဖိုသုတ်ကောင်) အလာကို စောင့်မျှော်နေတယ်... ဒီလမှာ မင်းသားလေး သူ့ဆီကို အခစားမ၀င်ဘူး ဆိုရင် ငိုချလိုက်တာပဲ... မင်းသမီးလေး ငိုရင် အီဗာတွေ ဘာတွေနဲ့ မျက်ရည်သုတ်ပေါ့... ကလေးမလိုချင်သေးတဲ့လူတွေ ပျော်ပေါ့ဗျာ... ဟော... မင်းသမီးလေးဆီ မင်းသားလေးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရင် မျက်ရည်မဖြစ်တော့ဘဲ အဟာရအဖြစ်စားသုံးရင်း နောက် ၁၀-လလောက်လည်းနေရော ဂျူနီယာလေးတွေ လူ့လောကထဲရောက်လာရောဗျာ...

မောင်လှ သိလှချည်လား မလုပ်ပါနဲ့... ၂၀၀၀ ခုနှစ်၊ ဒီဇင်ဘာလတုန်းက Reproductive Health နဲ့ ပတ်သက်တဲ့ ၇-ရက်သင်တန်း တက်ခဲ့ဖူးပြီး သင်တန်းပြီးတော့ ဆင့်ပွား သင်တန်းတွေ ဖွင့်ဖို့ ဆရာဖြစ်သင်တန်းလည်း တက်ခဲ့ဖူးပါတယ်... အဲဒီ သင်တန်းတွေက သင်ပေးခဲ့တာတွေပါ...
မှားနေရင်တော့ ဆရာဝန်များ၊ ဆေးပညာနားလည်သူများ ပြင်ပေးကြပါ...
NativeMyanmar.com မှာ အခြားသူတွေ ဆွေးနွေးထားတာကိုလည်း သွားဖတ်ကြည့်ပါဦး...

Friday, January 26, 2007

ချောင်းတွေကလည်း ဆိုး... အလုပ်တွေကလည်း များ...

မန်းလေး ရာသီဥတုက ပြီးခဲ့တဲ့ ၁၀-ရက်လောက်က အအေးပေါ့ပြီး ခုပြန်အေးနေလေရဲ့... အဲဒါကို ဂရုမစိုက်မိတဲ့ ကျတော် အအေးမိပြီး ချောင်းတွေ ဆိုးနေတာ ၇-ရက်ကျော်လေပြီ... ခုတော့ အနည်းငယ် သက်သာသလိုတော့ ဖြစ်နေပါပြီ... ဒီကြားထဲ များလိုက်တဲ့ အလုပ်တွေကလည်း မပြောချင်တော့ပါဘူး... ခုတော့ အားချင်ယောင် ဆောင် နေလေရဲ့...
ဒီမှာ မီးစက်ထဲမှာ ထည့်သုံးရတဲ့ အရည်က တစ်ဂါလန် ၄၇၀၀-ကျပ် အထိကို ရောက်သွားပြီတဲ့... ဆိုင်ကယ်ထဲထည့်မောင်းရတဲ့ဟာတော့ ၄၃၀၀-ကျပ် ကျော်မှာ သေချာလောက်ပါတယ်... ခုမီး ပေးတဲ့ ပုံစံ တစ်မျိုး ပြောင်းသွားပြန်ပြီ... အရင်က ပထမနေ့ ည ၆ နာရီ ကနေ ဒုတိယနေ့ နေ့လယ် ၁၂-နာရီအထိ ပေးတယ် ပြီးရင် မီးဖြတ်တာ တတိယနေ့ နေ့လည် ၁၂-နာရီမှ ပြန်လာပြီး ညနေ ၆-နာရီ အထိ လာတယ်... ညနေ ၆-နာရီကျော်ရင် မီးဖြတ်လိုက်တာ နောက်နေ့ ညနေ ၆-နာရီ အထိပဲ... ၃-ရက်ကို ၁၈-နာရီ လာတဲ့ သဘောပါပဲ... ခုတော့ အဲဒီ လိုမဟုတ်တော့ပါဘူး... ၆-နာရီ လာပြီး ၁၂-နာရီ မီးပျက်မယ့် ပုံစံပါပဲ... ခုချိန်အထိ မီးလာမယ့်အချိန်ကို ကျတော် မမှန်းတတ်သေးပါဘူး... သြော်... ရေလည်း အချို့ရပ်ကွက်တွေမှာ မလာဘူးတဲ့ဗျာ...

Friday, January 12, 2007

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ - ၃ ...

ဒီပုံလေးက လမ်း ၈၀ နဲ့ ၂၆-လမ်းထောင့်ပါ... ကျုံး အနောက် တောင်ထောင့် ပေါ့ဗျာ... မီးတိုင်ကြီးက ရပ်ကွက် ၁-ခုစာမက မီးပေးလို့ရမယ် ထင်ပါ့...

မန္တလေး ရွှေဘဲနဲ့ မျက်နှာချင်းဆိုင်ကပါ...

Tags: Mandalay, Myanmar, Photo

Thursday, January 11, 2007

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ - ၂ ...

LCD ထဲမှာ ပေါ်လာတဲ့ဟာကို ကြည့်ပြီး လက်ညှိုးလေးပဲ နှိပ်တတ်တဲ့ ကျတော့် လက်ညှိုးရာကို ထပ်ပြီး မြည်းစမ်းကြည့်ပါဦး...







မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ...

လည်ပင်းက တစ်ကျပ်သားကို အသွင်ပြောင်းလိုက်တဲ့ အခါ မောင်လှ မှာ မျောက်အုန်းသီး ရသလို ဖြစ်ပြီး လက်ကမြင်းထားတာကို ကြည့်ကြပါဦး...







Tuesday, January 09, 2007

Windows XP သုံးတဲ့ ကွန်ပျူတာ နှစ်လုံးကို ဘယ်လို Network ချိတ်မလဲ...

ဘာတွေလိုမလဲ ဆိုတော့ Network card တပ်ဆင်ထားတဲ့ ကွန်ပျူတာ ၂-လုံး၊ ယင်း ကွန်ပျူတာ ၂-လုံးတည်းကိုပဲ အပြန်အလှန် ချိတ်ဆက်ချင်တယ် ဆိုရင်တော့ ကွန်ပျူတာဆိုင်ကနေ crossover network cable တစ်ချောင်း ဝယ်ပါ... ၂-လုံးထက် ပိုမယ် ဆိုရင်တော့ switch/hub ပါ ဝယ်စရာ လိုအပ်ပါတယ်...
ကွန်ပျူတာမှာ Network card သို့မဟုတ် Network cable ကြိုးထိုးမယ့် အပေါက် မပါသေးဘူး ဆိုရင် Network Card (NIC - Network Interface Card) ဝယ်ပြီး ကွန်ပျူတာမှာ တပ်ဆင်ပါ... ယင်း NIC နဲ့ပါလာတဲ့ Driver Disk ကို အသုံးပြုပြီး Windows မှ NIC card ကို သိရှိစေရန် Install လုပ်ပေးပါ...
Network card ကို သင့် windows က သိပြီလား... သိပြီ ဆိုရင်တော့...

၁. Start » Control Panel ထဲဝင်ပါ...

၂. Network Connections ဆိုတာ တွေ့အောင်ရှာပြီး double-click ခေါက်ပြီး ဖွင့်ပါ...




၃. Local Area Connection ဆိုတာ တွေ့ရင် ထပ်ပြီး double-click ခေါက်ပြီး ဖွင့်ပေးပါဦး...
၎. Properties button ကို ကလစ်နှိပ်ပေးပါ...
၅. Internet Protocol (TCP/IP) ဆိုတာကို click ခေါက်ပြီး select လုပ်ပါ... ပြီးရင် Properties button ကို click ခေါက်ပါ...











၆. Internet Protocol (TCP/IP) Properties ဆိုပြီး နောက်ထပ် dialog box ထပ်ပေါ်လာပါလိမ့်မယ်... အဲဒီထဲက Use the following IP address ကို click ခေါက်ရွေးပြီး...
၇. IP Address မှာ 192.168.0.1 ရိုက်ထည့်ပြီး Tab ခလုတ်နှိပ်လိုက်ပါ... အောက်မှာ ရှိတဲ့ subnet mask ထဲမှာ သူ့ဘာသာသူ 255.255.255.0 ဆိုပြီး ပေါ်လာပါလိမ့်မယ်... မပြင်ဘဲ ဒီအတိုင်း ထားလိုက်ပါ...
၈. ပြီးရင် OK button တွေကို click နှိပ်ပြီး ထွက်ပါ...

နောက်ထပ် ကွန်ပျူတာ ၁-လုံးအတွက်ကတော့ အပေါ်က အဆင့်တွေ အတိုင်း အဆင့်-၁ ကနေ အဆင့်-၆ အတိုင်း ပြန်သွားပါ... အဆင့်-၇ ရောက်ပြီဆိုရင်တော့ IP address မှာ 192.168.0.2 လို့ ရိုက်ထည့်ပေးပါ... 192.168.0.1 လို့တော့ ထပ်မထည့်ပါနဲ့... အဲဒါဆို ဒီ ကွန်ပျူတာ ၂-လုံး အပြန်အလှန် ဆက်သွယ်လို့ရမှာ မဟုတ်ပါဘူး...
ဒီလိုဗျ... network ၁-ခုတည်းမှာ ကွန်ပျူတာတွေ အတူတူ အပြန်အလှန် ဆက်သွယ်လို့ ရစေချင်တယ်ဆိုရင် IP address မှာ “.” လေးတွေနဲ့ ခြားထားတဲ့ ဂဏန်း ထည့်လို့ရတဲ့ နေရာ ၄-ခု ရှိတယ် မဟုတ်လား... အဲဒီလိုပဲ Subnet mask မှာလည်း ၄-ခု ရှိတယ်...

IP Address : 192 . 168 . 0 . 1
Subnet Mask : 255 . 255 . 255 . 0
အပေါ်က စာကြောင်း ၂-ကြောင်းမှာ subnet mask ရဲ့ ပထမ ရှေ့ ၃-နေရာမှာ 255.255.255 ရှိပြီး နောက်ဆုံးနေရာမှာ 0 ဆိုပြီး ရှိနေတယ်နော်... IP address ရဲ့ ပထမ ရှေ့ ၃-နေရာမှာ 192.168.0 ဆိုပြီး ရှိနေတယ် မဟုတ်လား... ကွန်ပျူတာတွေကို network တစ်ခုတည်းမှာပဲ ရှိနေချင်တယ်ဆိုရင် (တစ်နည်းအားဖြင့် အပြန်အလှန် ဆက်သွယ်လို့ ရချင်တယ်ဆိုရင်) ကွန်ပျူတာတိုင်းရဲ့ IP address ပထမရှေ့ ၃-နေရာဟာ 192.168.0 ဖြစ်စရာလိုအပ်ပါတယ်... နောက်ဆုံး ၄-နေရာကတော့ မတူညီတဲ့ ဂဏန်းတန်းဖိုး တစ်ခုစီ ထားပေးရပါမယ်... ဒီမှာ အကွက် တစ်ခုချင်းစီ ထဲမှာ 1 ကနေ 254 အထိ ထည့်လို့ရတယ်ဆိုတော့ ကျတော့်တို့ ကွန်ပျူတာ ၂၅၄-လုံးအထိ ပါဝင်တဲ့ network တစ်ခု တည်ဆောက်နိုင်ပါတယ်...

IP Address : 192 . 168 . 222 . 1
Subnet Mask : 255 . 255 . 255 . 0
ဒီမှာ ကျတော် IP address ရဲ့ တတိယ နေရာကို 222 ပြောင်းလိုက်တယ်ဆို ကျတော်တို့ ကွန်ပျူတာတိုင်းရဲ့ IP address တတိယ နေရာတိုင်းကို 222 လိုက်ပြောင်းစရာ လိုပါတယ်... ပထမ ကွန်ပျူတာရဲ့ IP address က 192.168.222.1 ဆိုရင် ဒုတိယတစ်လုံးက 192.168.222.2 ၊ တတိယ တစ်လုံးက 192.168.222.3 ..... နောက်ဆုံး ၂၅၄-လုံး မြောက်အလုံးက 192.168.222.254 ဆိုပြီး ပေးရပါမယ်...
တစ်ခု မှတ်ထားဖို့က 192.168.222.1 ကို ကွန်ပျူတာ ၁-လုံးမှာ အသုံးပြုပြီးသားဆိုရင် နောက် ကွန်ပျူတာတွေမှာ ထပ်ပေးလို့ မရပါဘူး... ထပ်ပေးမိတယ်ဆိုရင် IP conflict ဖြစ်ပြီး သက်ဆိုင်ရာ ကွန်ပျူတာတွေ network အသုံးပြုလို့ မရတော့ပါဘူး...

ကိုယ်တိုင် network တစ်ခု တည်ဆောက်နိုင်ကြပါစေ....

မှတ်ချက် - ကျတော် network ဆရာကြီး မဟုတ်ပါ... မသိသေး မတတ်သေးသူများ အတွက်ပါ...

Monday, January 08, 2007

ရောက်တတ်ရာရာ...

ဒီနှစ်ထဲရောက်မှ ဘာမှ မရေးဖြစ်တာ နည်းနည်း ကြာသွားတယ်... အလုပ်တွေကလည်း ရှုပ်သွားသလို၊ အဲဒီ ရှုပ်တဲ့ အလုပ်တွေကြောင့် စိတ်လေနေတာလည်း ပါပါရဲ့... ကျတော့်ကို အကူအညီလာတောင်းတဲ့ သူတွေကိုတောင် ပြန်မဖြေပေးနိုင်ဘူး ဖြစ်သွားတယ်... ပညာလျှိုထားတယ်၊ မာနကြီးတဲ့ ကောင်ကြီးလို့တော့ ထင်ကြတော့မှာပဲ... ခုရုံးမှာ ကျတော်က ဒီဇိုင်း ၊ ကွန်ပျူတာ ပြင်ဆင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တာ၊ ကွန်ပျူတာ ပစ္စည်း ဝယ်ပေးရတာ၊ ဈေးစုံစမ်း ပေးရတာ၊ ရုံး website တက်လား မတက်လား စစ်ဆေးပေးရတာ၊ e-mail တွေ စစ်ပေးရတာ၊ တခါတလေ ကွန်ပျူတာ ပရိုဂရမ်ငယ်လေးတွေ ရေးပေးရတာ မျိုးတွေ လုပ်ပေးရတယ်... တောက်တိုမယ်ရ လုပ်တဲ့ ကောင်လေးပါ... ဟိုကောင်လေး ကွန်ပျူတာ ဖုန်သုတ် စမ်းဆိုလဲ ကျတော်ပါပဲ... ဟိုဟာလေးကို ဟိုနေရာ ရွေ့လိုက်ပါဦး ဆိုလည်း ကျတော်ပါပဲ...
ဒါပေမယ့် ကျတော် အများဆုံး လုပ်နေရတာက ဒီဇိုင်းအလုပ်တွေပါ... ၃-လ လောက်ရှိပြီ ထင်တယ်... marketing က ခိုင်းတဲ့ ဒီဇိုင်းတွေ ပြီးသွားပြီ ဆိုပြီး နားမယ် ကြံလိုက်ရင် ဟော စက်ရုံက လာခိုင်းပြန်ပါပြီ... နားမယ် ထပ်ကြံလိုက်ပြန်ရင် ဟော ဒါရိုက်တာက လာခိုင်းပြန်ပါပြီ... ဒီကြားထဲ ဒုက္ခပေးလိုက်ကြတဲ့ ကွန်ပျူတာတွေ...
အဲဒီ လို အလုပ် ရှုပ်နေတဲ့ ကြားက http://htooeainthin.com ကို မရမက ဒီဇိုင်း အသစ်ပြောင်းဖြစ်အောင် ပြောင်းလိုက်သေးတယ်... တော်သေးတာပေါ့.... ထူးအိမ်သင်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ကဗျာတွေ သိမ်းထားတဲ့ မူရင်းဖိုင် ပြန်ရှာတွေ့လို့ အဆင်ပြေသွားလေရဲ့... ထူးအိမ်သင် သီချင်းတွေလည်း ထပ်တင်ထား ပေးပါတယ်... အမေ နဲ့ ချစ်ခြင်းအားဖြင့် ၂-ခွေစာပါ... ခွေ ၁-ခွေ မှာ သီချင်း ၁-ပုဒ် စီကိုပဲ အပြည့်တင်ထားပေးပါတယ်... ကျန်တဲ့ သီချင်းတွေက ၁-မိနစ်စာပဲ တင်ထားပေးပါတယ်... မူပိုင်ခွင့် ဆိုင်ရာ အကြောင်းတွေကြောင့်ပါ... ချစ်ခြင်းအားဖြင့် ခွေထဲက အပြည့်တင်မယ့် သီချင်းက 2MB ရှိနေလို့ ဘယ်လိုမှ upload လုပ်လို့ မရလို့ စိတ်မကောင်းစွာနဲ့ quality ထပ်လျော့ပြီး တင်ထားရပါတယ်... ကျန်တဲ့ အခွေတွေ ထပ်တင်ပေးမယ် စဉ်းစားတိုင်း ရုံးအလုပ်နဲ့ မအားလို့ ထပ်မတင်ဖြစ်သေးပါ...
ကျတော် post အသစ် မရေးနိုင်တဲ့ အချိန်တွေမှာလည်း ကျတော့် blog ကို လာလည်ကြတဲ့ သူတွေကို အရမ်းအားနာပါတယ်... တောင်းပန်ပါတယ်ဗျာ... စိတ်မဆိုးကြပါနဲ့...

ချစ်ခြင်းအားဖြင့်
မောင်လှ