gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

...အမေ အသက်ရာကျော် ရှည်ပါစေ...

အရင်က ကြီးပွားရေး ပုံနှိပ်တိုက်နဲ့ အလုပ်အနည်းငယ် လုပ်ခဲ့ဖူးတယ်... ရိုက်ချက်ကောင်းတယ်... အရောင်တွေမှန်တယ်... နောက်ပိုင်း ပုံနှိပ်တိုက်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ တာဝန်မယူ ဖြစ်လို့ ဆက်မလုပ်ဖြစ်ဘူး... လူထုက ဖိတ်စာ ဒီဇိုင်းတွေ ကူဆွဲပေးဖို့ ပြောတုန်းက ကျတော် ဘာဖြစ်လို့ မလုပ်ခဲ့မိတာပါလိမ့်... အဲဒီအလုပ်ကို လက်မခံခဲ့မိတာ ကျတော် နောင်တရမိတယ်... အကြီးအကျယ်ကို နောင်တ ရမိတယ်... အမေမာရဲ့ မြေးတွေ ၂-ယောက် ကွန်ပျူတာ သင်တန်း လာတက်လို့ ဘာသာရပ် တစ်ခုကို တာဝန်ယူ သင်ပေးခဲ့ဖူးတယ်... အခုအချိန်အထိ လင်းလင်းရဲ့အဖေ ကျတော့်ကို တွေ့တိုင်း -- -- နဲ့ ခေါ်နေသေးတာကို ကျတော် အခေါ်မခံချင်ဘူး... လင်းလင်းရဲ့အဖေ နဲ့ ကျတော်ဟာ မိုးနဲ့ မြေပြင်လို့ ကွားခြားလှပါတယ်... ဆရာ နောက်တစ်ခါ ကျတော့်ကိုတွေ့ရင် -- -- လို့ မခေါ်ပါနဲ့ ခင်ဗျာ... ကျတော့် နာမည်အရင်းကို ခေါ်ရင် ရပါပြီ ဆရာ...
အခွင့်အရေး ထပ်ရဦးမယ်ဆိုရင် လူထုတိုက်မှာ အချိန်းပိုင်း အလုပ်လေး တစ်လောက်တော့ လုပ်ချင်သေးတယ်... လူထုတိုက်မှာ ပညာဆည်းပူးချင်သေးတယ်...

...လူထုတိုက် တစ်ခုတည်းရဲ့ အမေ မဟုတ်တဲ့
မြန်မာတွေ အားလုံးရဲ့ အမေ
လူထု ဒေါ်အမာ အသက်ရာကျော် ရှည်ပါစေ...

Comments

seinamar said…
Me too,
I love Daw Amar like as you.As long as sun & moon alive so is the love upon her.

Ad