gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

လမသာတဲ့ မန္တလေး ကန်တော်ကြီးည...

version 1.0


version 2.0

မနေ့က ကျတော်ရယ်၊ ကိုသခင်ကြီးရယ်၊ ဘုဃံဏက်ရယ် သုံးရောက်သား မန္တလေး ကန်တော်ကြီးကို ည ၈-နာရီလောက်ရောက်ခဲ့တယ်... လကလည်းမထွက် အလင်းရောင်ကလည်း ကောင်းကောင်း မရှိ၊ ပြီးတော့ ဒီလိုမျိုး ညဘက်ကို သေချာ မရိုက်ဖူးသေးတော့ ကင်မရာကို ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ရိုက်တာ ပုံ ၅၀-လောက် ရိုက်ဖြစ်တယ်... ကျတော့်အတွက် ကောင်းတယ်လို့ ပြောလို့ရတဲ့ပုံဆိုလို့ အခုဒီတစ်ပုံပဲ ရပါတယ်... ပုံ ၄-ပုံကို Photoshop CS3 မှာလည်း Merge to HDR လုပ်၊ ကိုဂျေ ပေးထားတဲ့ ဖိုတိုmatix သုံးပြီလည်း HDR လုပ်၊ လုပ်လို့ရလာတဲ့ HDR ပုံ ၂-ပုံကို Photoshop မှာပြန်ပြီး ပေါင်းထားတာပါ...

My Labels: Photo, Mandalay, ဓာတ်ပုံ, Kandawgyi, Kantawgyi, ကန်တော်ကြီး

Comments

MYO HAN HTUN said…
ဓါတ်ပုံက ကောင်းပါတယ် .. ကန်တော်ကြီးက စိမ်းစိမ်းစိုစို ဖြစ်နေပုံရတယ် .. ညရိုက်တာတောင် အပင်တွေက စိမ်းညို့နေတယ်။

ကိုတိုး
Anonymous said…
Hi Ko My Hla,

I miss my university days in Mandalay...U have a great post.

Love to read it.

www.blogdata.info
ငါမရ said…
ကိုမောင်လှ...
ကျနော်က ရန်ကုန်သားဗျ... ရန်ကုန်သား အကြွားထူတာ အခု ပြောင်းရမလို ဖြစ်နေပြီ... ကိုမောင်လှက မန္တလေးအကြောင်းချည်းပဲကြွားနေတာ့ ကျနော်က...ဘယ်လို လက်တုန့် ပြန်ရမလဲ ဆိုတာ စဉ်းစားလိုက်အုံးမယ်...
Myo Kyaw Htun said…
ကိုဂျေ့ ဘလော့ဂ်မှာလဲ တွေ့တယ်။ ရိုက်ထားတာတွေ မိုက်တယ်။
MgHla said…
ဝေဖန်အကြံပေး ပြောကြတာ ကျေးဇူးပဲ ဗျို့...
hnin said…
ခရီးသွားဆောင်းပါးတွေလို ခရီးသွားပို့စ်တွေမှာတော့ ကိုမောင်လှက တကယ်ရေးတတ်တယ်၊ ဖတ်လို့လည်းကောင်းတယ်။ အခုလည်း လွမ်းစရာမျိုးလိုလေးပဲ။ တကယ်တော့ ကိုမောင်လှကျေးဇူးက အများကြီးရယ်။ ဆိုင်ဘာမှာသုံးရတဲ့ သိုးလေးတို့လို လူမျိုးကတော့ ဘလော့မှာ မြန်မာလိုရေးချင်ရင် ဖောင့်မရှိတဲ့အခါ အခက်ကြုံရတယ်လေ။ ကိုမောင်လှလုပ်ပေးထားတဲ့ font box လေးကြောင့်သာ တအားကို အဆင်ပြေတာ။ အမြဲလည်း ဖတ်ဖြစ်တယ်။ အမြဲပဲ အားပေးနေမယ်။
Gu Gu said…
အခုလို ၃ ယောက်သား ပျော်ပျော်ပါးပါး ဓါတ်ပုံသွားရိုက်ကြရတာမျိုးကိုတော့ အားကျတယ်ဗျာ...

Ad