gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မန္တလေးမှာ ခေတ်စားနေတာ...

လျှပ်တစ်ပြက်ဂျာနယ် မှ special issue ဆိုပြီး ဒွေးရဲ့ နောက်ဆုံးခရီးနဲ့ ပတ်သက်ပြီး လျှပ်တစ်ပြက်ဂျာနယ် အရွယ်အစားအတိုင်း စာမျက်နှာ ၁၂-မျက်နှာခန့်ပါဝင်တဲ့ စာစောင်ကို ဒွေးကို ချစ်ခင်ကြတဲ့၊ ဒွေးကို ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်ကြီးက တစ်စောင်လျှင် ၈၀၀-ကျပ်ဖြင့် ၀ယ်ယူအားပေးနေကြောင်း သိရပါတယ်... ပုံမှန် လျှပ်တစ်ပြက်စာစောင်ရဲ့ ဈေးနှုန်းမှာ ၅၀၀-ကျပ်ဝန်းကျင် ဖြစ်ပြီး ယခု စာမျက်နှာ ၃၂-မျက်နှာကျော် ပါဝင်ပါတယ်... ဒါ့အပြင် ဒွေး အမှတ်ရနောက်ဆုံးခရီး ဗီစီဒီခွေကို တစ်ခွေလျှင် ကျပ်-၃၀၀ နှုန်းနဲ့ မန္တလေးမှာ ၀ယ်ယူရရှိနိုင်ပါပြီ... ယင်း ဗီစီဒီထဲမှာ ဒွေး ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းများ၊ သီချင်းများနဲ့ ဓာတ်ပုံများ ပါဝင်ပါတယ်... ပါဝင်တဲ့ ဓာတ်ပုံအများစုဟာ အင်တာနက်ပေါ်မှာ တွေ့ရှိရတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်...

My Labels: Mandalay News, မန္တလေး သတင်း, Dwe

Comments

Anonymous said…
လူတွေက ငါးပွက်ရာ ငါးစာချတဲ့ ခေတ်တောင် မဟုတ်တော့ဘူး။ ငါးမပွက်ခင်ကို ငါးစာချတဲ့ခေတ်ဖြစ်နေပြီ။ အနုပညာရှင် တစ်ယောက် မသေလိုက်နဲ့ အဲဒိ သေတဲ့လူကိုမှီပြီး လုပ်စားကြမယ်ဆိုတာချည်းပဲ။ ဒီနေ့သေ၊ နောက်နေ့ အမှတ်တရ ဆိုပြီးလုပ်ပြီ။ ဦးမြတ်ခိုင်က “သေရင်ပြီးပြီ” လို့ ပြောတယ်။ အဆိုတော်တွေ သေရင် ပီးပေါ်ကြီးက အမှတ်တရပွဲတွေ လုပ်လွန်းလို့ လူတွေက “သေရင်ပီးပေါ်” လို့တောင် ပြောင်းပြီး ပြောကြတဲ့အထိပဲ။ ထူးအိမ်သင် အလှည့်ကျတော့မှ ၀ိုင်းပြီး ပြောကြလို့ မလုပ်ရဲပဲ ရပ်သွားတာ။ အင်း ... ပြောရရင်တော့ ဂျာအေးသူ့အမေရိုက်ရင်း ဒီဘူတာပဲ ပြန်ဆိုက်လာလိမ့်မယ်။
ငါမရ said…
ဒွေးကိုပေါ်လစီကားမရိုက်သူတဦးအနေနှင့်ကြိုက်တယ်။ လေးစားတယ်။ အသိအမှတ်ပြုတယ်။ လူသေသော်လည်း နာမည်မသေ။ သူ့ ရာဇ၀င်ကို သူရေးသွားပြီ။

Ad