gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မန်းတောင်ခြေက ဘီလူးမ

မွေးနေ့တုန်းက NativeMyanmar.com မှာရေးတဲ့ NwaiHnin (နွေနှင်း) ပေးတဲ့ မွေးနေ့လက်ဆောင် စာအုပ်လေးကို မနေ့ရဲ့ မနေ့ကမှ စဖတ်မိတယ်... မောင်ဘနောက် ရေးတဲ့ မန်းတောင်ခြေက ဘီလူးမ နှင့် ပြုံးစရာ ဆောင်းပါးများ ဆိုတဲ့ စာအုပ်လေးပါ... ရွှေမန္တလေးဂျာနယ်မှာ မြန်မာစာနဲ့ ပတ်သက်တဲ့ ဘာသာရပ်ဆိုင်ရာ ဆောင်းပါးတွေ ရေးတဲ့ စာရေးဆရာမို့ရယ်... အဲဒီ ဆောင်းပါးတွေ ဖတ်ကြည့်တော့ ကျတော် နားမလည်နိုင်လို့ရယ်... ဆရာ မောင်ဘနောက်ရေး တာကို ပျင်းစရာကောင်းမယ် ထင်ပြီး အရင်က မကိုင်ကြည့်ခဲ့တာပါ... အခု ဆောင်းပါး ၄-ပုဒ်လောက် ဖတ်ပြီးတာနဲ့တင် တော်တော် ကောင်းတဲ့ စာအုပ်လို့ ညွှန်းပါရစေ...

ကြွက်က လူကိုချွတ်တယ် ဆောင်းပါးမှ...
တစ်ညမှာပေါ့။ ကိုဂွကျော် တစ်ယောက် ကြွက်အရှင်တစ်ကောင်နဲ့ ငါးမျှားထောက်ထားတဲ့။ နောက်နေ့မှာ သွားကြည့်။ ကြွက်လည်း မရှိ။ ငါးလည်း မမိ။ မျှားတံမှာ ကြိုးပြတ်တန်းလန်း။
ဘယ်လိုများ ဖြစ်တာပါလိမ့်။ ဝိသေသထူးပါဘိ။ ငါးမိပြီး ရုန်းလို့ ကြိုးပြတ်သွားတာလား။ လူခိုးဖြတ်သွားတာလား။ သည်လိုမျိုး တစ်ခါမျှ မကြုံဖူး။ ကြုံရချက် ထူးသနော်။
ဘာပဲဖြစ်ဖြစ် မျှားတံကိုဖြုတ်ပြီး အိမ်ကိုပြန်ခဲ့။ အိမ်ရောက်တော့ မျှားတံထားနေက စပါးကျီနားအသွား “ကျွိ ကျွိ” မြည်သံကြားလို့ အကြိုအကြား ဝင်အကြည့် -
“ဘုရား ဘုရား ဘုရား”
မတစဖူး ဘုရား သုံးကြိမ်တိတိ တမိရပါပေါ့။
လား ... လား။ မျှားချိတ် တန်းလန်းနဲ့ ကြွက်မလေးက နီးထွေးနုငယ် ကြွက်မမည်ကလေးတွေကို နို့ချို တိုက်ကျွေး၊ အာဟာရ ဖြည့်တင်း ပေးနေရှာပါတကား....
.....................................................
.....................................................
.....................................................
သို့ကလို စဉ်းစားတွေးတောပြီးတဲ့နောက် ကိုဂွကျော်ဟာ မျှားချိတ်ကို ဖြုတ်ပေး၊ ဒဏ်ရာကို ဆေးထည့်ပေးဖို့ ရည်ရွယ်ချက်နဲ့ ကြွက်မလေးကို ပုဆိုးနဲ့ အသာအယာ အုပ်ဖမ်းလိုက်ပါတယ်။
အလို မြတ်စွာဘုရား။ သနားစရာ ကြွက်မလေးခမျာ သားငယ်တွေကို နို့ချို တိုက်ကျွေးရင်း ခန္ဓာစဲလို့ သေပွဲဝင်နေရှာပါပကော...

စာအုပ်လက်ဆောင်ပေးတဲ့ နွေနှင်းကို အထူး ကျေးဇူးတင်ပါတယ်...



My Tags: Mg Ba Nauk, Mandalay Hill

Comments

MELODYMAUNG said…
so pity mother rat.
But thattawar ta ku kan ta ku par.
Anonymous said…
You'r Welcome , Bro. :D

His article concerning "understanding" is I like most.
Unknown said…
Dear Bro,
I want to know your email address.
I use wheel of Fortune for my portal .

With Regards,
Nilar Soe
[email protected]

Ad