- မနေ့ နံနက်ခင်းစောစောက ၈၆-လမ်း၊ ၃၅-လမ်း ဝန်းကျင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်...
- အလားတူ ၆-ရက်နေ့ ညနေ ၅း၁၅-နာရီ ဝန်းကျင်မှာလည်း သူနာပြု တက္ကသိုလ်ဘက်မှာလည်း မီးလောင် ကျွမ်းမှု ဖြစ်ခဲ့ပါတယ်...
- မန္တလေးမြို့ရဲ့ လူသွားလူလာများတဲ့ လမ်းမကြီးတွေ ပေးမှာ လမ်းဖြတ်ကြော်ငြာ တပ်ဆင်မှုများ အရမ်း များပြားနေပါတယ်... တချို့ မီးပွိုင့် နားမှာ ရှိတဲ့ လမ်းဖြတ် ကြော်ငြာများဟာ မီးပွိုင့်ကို မမြင်ရအောင် ကွယ်ထားသလို ဖြစ်နေပါတယ်... ဥပမာ - ၇၈-လမ်းနှင့် ၃၅-လမ်းထောင့်ရှိ သင်တန်းကျောင်း ကြော်ငြာ လမ်းဖြတ် ၂-ခု... ယခင်က လမ်းဖြတ် ကြော်ငြာများမှာ စီးပွားဖြစ် ကြော်ငြာများ မရှိသလောက် နည်းပါးခဲ့ပြီး ယခုအခါ စီးပွားဖြစ် လမ်းဖြတ် ကြော်ငြာ များပြားလာမှုကြောင့် မန္တလေးမြို့ရဲ့ လမ်းမကြီးများရဲ့ အလှကို ဖျက်ဆီး သလို ဖြစ်နေပြီး ရုပ်ဆိုးနေကြောင်းပါ... ယင်း လမ်းဖြတ် ကြော်ငြာများတင်မက အချို့ မီးပွိုင့် ဝန်းကျင်မှာ ယာယီ vinyl ကြော်ငြာများလည်း အထူးများ ပြားလျှက် ရှိကြောင်းပါ... ယာယီ vinyl ကြော်ငြာဆိုတာက vinyl စက်ကြီးများနဲ့ ထုတ်ထားတဲ့ ကြော်ငြာများ တပ်ဆင်မည့် ဘောင်များကို သံထည် ကွန်ကရစ်ဖြစ် အသေချာ ဖောင်ဒေရှင်းချပြီး လုပ်ဆောင် ထားခြင်း မဟုတ်ဘဲ သစ်သားများဖြင့်သာ ယာယီ ဘောင်ခွေ ထောင်ထားခြင်း ဖြစ်ပါသည်...
- နောက်ဆုံး အနေနဲ့ မန္တလေး မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ကို စတင် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သတင်းပေးပါရစေ...
- Update News!!! (Toady 11:20 AM) ခုအပြင်သွားပြီး ပြန်လာတာပါ... ပျောက်နေတာ ကြာပြီဖြစ်တဲ့ မန္တလေးအခေါ် ဆပ်ပလိုင်းချက် (surprised check) စစ်ဆေးနေတာကို အခု ပြန်လည် တွေ့ရှိနေရပါပြီ... မန်းသူ၊ မန်းသားတို့ရေ ဆိုင်ကယ်စီးကြမယ်ဆို ဦးထုပ်ဆောင်းပြီး လိုအပ်တာ အပြည့်အစုံ တပါတည်းယူဖို့ မမေ့ကြနဲ့ဗျာ...
My Tags:Mandalay News, Myanmar News, မြန်မာ သတင်း
gallery.MgHla.net
gallery.MgHla.net -ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း
ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/
Comments
နောက်ဆုံးသတင်းကတော့ တော်တော်ထိတယ်ဗျာ :(
ကျွန်တော်ကတော့ နေ့စဉ်လိုလို ကိုမောင်လှ Blog ကို ၀င်ဖတ်ပါတယ် .. အထူးသဖြင့် မန္တလေး အကြောင်းတွေကို အမြဲရေး
ပြီး တင်ပေးနေတဲ့အတွက် ကိုမောင်လှရေ .. ကျေးဇူးအထူးတင် မိပါတယ် ဗျာ ..
အစဉ်လေးစားလျှက်
ကိုတိုး