Skip to main content

လတ်တလော မန္တလေး အကြောင်းများ...

  • မနေ့ နံနက်ခင်းစောစောက ၈၆-လမ်း၊ ၃၅-လမ်း ဝန်းကျင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်...
  • အလားတူ ၆-ရက်နေ့ ညနေ ၅း၁၅-နာရီ ဝန်းကျင်မှာလည်း သူနာပြု တက္ကသိုလ်ဘက်မှာလည်း မီးလောင် ကျွမ်းမှု ဖြစ်ခဲ့ပါတယ်...
  • မန္တလေးမြို့ရဲ့ လူသွားလူလာများတဲ့ လမ်းမကြီးတွေ ပေးမှာ လမ်းဖြတ်ကြော်ငြာ တပ်ဆင်မှုများ အရမ်း များပြားနေပါတယ်... တချို့ မီးပွိုင့် နားမှာ ရှိတဲ့ လမ်းဖြတ် ကြော်ငြာများဟာ မီးပွိုင့်ကို မမြင်ရအောင် ကွယ်ထားသလို ဖြစ်နေပါတယ်... ဥပမာ - ၇၈-လမ်းနှင့် ၃၅-လမ်းထောင့်ရှိ သင်တန်းကျောင်း ကြော်ငြာ လမ်းဖြတ် ၂-ခု... ယခင်က လမ်းဖြတ် ကြော်ငြာများမှာ စီးပွားဖြစ် ကြော်ငြာများ မရှိသလောက် နည်းပါးခဲ့ပြီး ယခုအခါ စီးပွားဖြစ် လမ်းဖြတ် ကြော်ငြာ များပြားလာမှုကြောင့် မန္တလေးမြို့ရဲ့ လမ်းမကြီးများရဲ့ အလှကို ဖျက်ဆီး သလို ဖြစ်နေပြီး ရုပ်ဆိုးနေကြောင်းပါ... ယင်း လမ်းဖြတ် ကြော်ငြာများတင်မက အချို့ မီးပွိုင့် ဝန်းကျင်မှာ ယာယီ vinyl ကြော်ငြာများလည်း အထူးများ ပြားလျှက် ရှိကြောင်းပါ... ယာယီ vinyl ကြော်ငြာဆိုတာက vinyl စက်ကြီးများနဲ့ ထုတ်ထားတဲ့ ကြော်ငြာများ တပ်ဆင်မည့် ဘောင်များကို သံထည် ကွန်ကရစ်ဖြစ် အသေချာ ဖောင်ဒေရှင်းချပြီး လုပ်ဆောင် ထားခြင်း မဟုတ်ဘဲ သစ်သားများဖြင့်သာ ယာယီ ဘောင်ခွေ ထောင်ထားခြင်း ဖြစ်ပါသည်...
  • နောက်ဆုံး အနေနဲ့ မန္တလေး မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ကို စတင် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သတင်းပေးပါရစေ...
  • Update News!!! (Toady 11:20 AM) ခုအပြင်သွားပြီး ပြန်လာတာပါ... ပျောက်နေတာ ကြာပြီဖြစ်တဲ့ မန္တလေးအခေါ် ဆပ်ပလိုင်းချက် (surprised check) စစ်ဆေးနေတာကို အခု ပြန်လည် တွေ့ရှိနေရပါပြီ... မန်းသူ၊ မန်းသားတို့ရေ ဆိုင်ကယ်စီးကြမယ်ဆို ဦးထုပ်ဆောင်းပြီး လိုအပ်တာ အပြည့်အစုံ တပါတည်းယူဖို့ မမေ့ကြနဲ့ဗျာ...

    My Tags:Mandalay News, Myanmar News, မြန်မာ သတင်း

Comments

Chan Mya Soe said…
မန်းလေးနဲ့မီးကလည်း မလွယ်ပါလား ... လန့်မြဲလန့်နေရတာပဲ .. ဟူး

နောက်ဆုံးသတင်းကတော့ တော်တော်ထိတယ်ဗျာ :(
Maung Maung Oo said…
တခါတလေတော့လည်း သူ့အရပ်နဲ့ သူ့ဇာတ် အတော်လောက်ပါဘဲဗျာ။ ဒီလို ချက်ကင် လေးတွေများမရှိယင် ကျနော်တို့ မန်းသားတွေကလည်း အခက်သား။
Phoe Htaung said…
What is Candle Minister doing?
MYO HAN HTUN said…
ကိုမောင်လှရေ ..

ကျွန်တော်ကတော့ နေ့စဉ်လိုလို ကိုမောင်လှ Blog ကို ၀င်ဖတ်ပါတယ် .. အထူးသဖြင့် မန္တလေး အကြောင်းတွေကို အမြဲရေး
ပြီး တင်ပေးနေတဲ့အတွက် ကိုမောင်လှရေ .. ကျေးဇူးအထူးတင် မိပါတယ် ဗျာ ..

အစဉ်လေးစားလျှက်

ကိုတိုး

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install