Sunday, December 31, 2006
Happy Birthday to My Bro Ko MM.Aye & Me (Mg HL.Aye) :D
ဒီနေ့ဆို ကိုကြီး အသက် ၃၆-နှစ် ပြည့်ပြီနော်... ကိုကြီးရေ... ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ... ပျော်ရွှင်စရာအတိနဲ့ ပြီးပြည့်ဆုံတဲ့ နေ့ရက်ပေါင်း များစွာကိုလည်း ပိုင်ဆိုင်နိုင်ပါစေ...
အဟဲ... ဘာလိုလိုနဲ့ ကျတော်လည်း အသက် ၁-နှစ် ကြီးရပြီလေ... ဒီနေ့လည်း ကျတော့် မွေးနေ့ပါပဲ... ကျတော်နဲ့ ကျတော့် အကိုအကြီးဆုံး ၇-နှစ် တိတိ ကွာပါတယ်... ညီအကို နှစ်ယောက်စလုံး ဒီဇင်ဘာလ ၃၁-ရက်နေ့မှာ ကျတော်တို့ရဲ့ မိခင်ကြီးကနေ သဘာဝအတိုင်း မွေးဖွားခဲ့ကြတာပါ...
သြော်... အသက် ၁-နှစ်ကြီးလာတဲ့ ကိုယ့်ကို ကိုယ် ပြန်စမ်းစစ်တော့ ဘာမှ အားရစရာကို မရှိပါဘူး... ခုပြီးခဲ့တဲ့ နှစ်မှာတော့ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ၊ အဆင်မပြေဖြစ်တာတွေ တော်တော် များများ ကြုံတွေ့ခဲ့ရတယ်... ခုလာမယ့် နှစ်မှာတော့ ပျော်ရွှင်စရာတွေနဲ့ပဲ ကြုံတွေချင်တယ်ဗျာ... အင်း... အင်တာနက်ပေါ်မှာ ပျော်မွေ့မိနေတာ လည်း ၄-နှစ်ကျော်လောက်ရှိပြီ... ပညာတွေတော့ ရပါရဲ့... အချိန်ဖြုန်းတီးမိတာ ပိုများနေတယ်... နောက် ၁-လလောက်ဆို အင်တာနက် မရှိတဲ့နေရာမှာ နေဖြစ်မလား မသိသေးပါဘူး... ဘာပဲ ဖြစ်ဖြစ်ဗျာ...
... ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ...
မှတ်ချက် - သူငယ်ချင်းတွေကိုတော့ ၂၆-ရက်နေ့က မဒမ်မောင်လှရဲ့ လက်ရာ မာလာဟင်း၊ မာလာငါး၊ ++ တွေနဲ့ ဧည့်ခံ ကျွေးမွေးပြီးကြောင်းပါ...
Sunday, December 24, 2006
ဟိုဟို ဒီဒီ ...
Thursday, December 21, 2006
New BETA Homepage http://www.HtooEainThin.com
ကျေးဇူးအထူးတင်ပါတယ်....
ချစ်ခြင်းအားဖြင့်
မောင်လှ
http://www.HtooEainThin.com
Wednesday, December 20, 2006
Orange Super Market အသစ်ထပ်ဖွင့်ပြီ... (Mandalay News)
Sunday, December 17, 2006
Firewall ကြီးကြောင်သွားလို့....
Thursday, December 14, 2006
မန္တလေးအကြောင်း ဟိုဟို ဒီဒီ...
- မနက်က ရုံးလာတော့ နှင်းတွေ ကျလိုက်တာ ... ဘယ်လောက်တောင်လဲဆိုတော့ ကျုံးဘေး ကပ်လျှက်လမ်းက လာတာတောင် မြို့ရိုးကို မမြင်ရဘူး... ရှေ့ကိုလည်း တစ်ပြနီးနီးပဲ ကောင်းကောင်း မြင်ရအောင် နှင်းမှုန်လေးတွေ ကျတယ်... အေးလိုက်တာ... ဆိုင်ကယ်စီးရင် မျက်နှာကို လာရိုက်တဲ့ အအေးဓာတ်ပါတဲ့ နှင်းမှုန်လေးတွေကို ထိတွေ့ခံစားရတာ တမျိုးလေး ကောင်းတယ်ဗျာ...
- အရင်က လျှပ်စစ်မီး ၂-ရက်ကို ၂၄-နာရီလာနေရာကနေ ပြီးခဲ့တဲ့ ၄-ရက်လောက်ကစပြီး ၃-ရက်ပေါင်းမှ ၂၄-နာရီ လာမယ့် စနစ်ကို ပြောင်းသွားပြီလို့ သိရပါတယ်... ဘယ်လို လာနေတယ်ဆိုတာ လိပ်ပတ်လည်အောင် မသိသေးဘူး ဖြစ်နေတယ်... သေချာတာကတော့ ညဘက် ၂-ည အမှောင်ထဲမှာ နေရမှာ ဖြစ်ပြီး ၁-ညကတော့ လင်းချင်လင်းလိမ့်မယ်... မှောင်ချင် မှောင်လိမ့်မယ်ဗျ... အဲဒါနဲ့ အိမ်မှာ ဟုန်ပန်းမီး (အရပ်ခေါ်) ယူဖို့ပြောထားတာ ဈေးကိုင်နေတယ် ထင်ပါ့ ခုချိန် ထိလာမတပ် ပေးသေးဘူး... ဟုန်ပန်းမီးက ၂-ပေချောင်း တစ်ချောင်းကို တစ်ရက် ၇၀-ကျပ်... ညနေ ၆-နာရီကနေ ည ၁၁-နာရီထိ ပေးတယ်... မီးကြိုးတွေ မီးချောင်းတွေ အပြီး ဆင်ပေးတယ်ဗျ... နာရေးတွေ ဘာတွေရှိရင်လည်း နာရေးရှိတဲ့ အိမ်ကို မီးချောင်းတွေ အလကား လာတပ်ပေးတယ်... တကယ်တော့ ဟုန်ပန်း ကုမ္ပဏီက ပေးတာ မဟုတ်လောက်ပါဘူး... ရပ်ကွက်ထဲက တစ်ယောက်ယောက်က ဓမ္မာရုံနားမှာ မီးစက်ထားပြီး ရပ်ကွက်ကို မီးပေးတာ ဖြစ်ပါလိမ့်မယ် ထင်တယ်ဗျ...
- မန္တလေးမှာ ခွေးတိုးပေါက်လေး ပိတ်သွားလို့ တစ်ကမ္ဘာလုံးကို ဟိုဟို ဒီဒီတွေ လျှောက်ကြည့်လို့ မရဘူးဖြစ်နေတယ်.... ကြွက်တိုးပေါက်လေးတွေ့ရင် ပြောကြပါဦး... ခုတောင် notepad ထဲမှာ ရေးပြီး ဒီပေါ် မရောက်ရောက်အောင် ဂါထာတွေ မန်းပြီး ပို့ရတာ ဒီပေါ်မရောက်ရင်လည်း မရောက်ရောက်အောင် ကြိုးစားပြီး တင်နေရတယ်... ဂယ်ပေါက်လေးရယ်... ထပ်ပေါ်လာပါဦးနော်...
ဆာဒူးကြီး မန္တလေး ရောက်လာခြင်း...
Sunday, December 10, 2006
သင်ဇာဝင့်ကျော်...
Wednesday, December 06, 2006
ဟူး မောလိုက်တာ...
ဒီလောက် မျက်စိနောက်စရာ ကောင်းတဲ့ template ကို ဘယ်သူမှလည်း ယူသုံးကြမှာ မဟုတ်ပါဘူး... ခုဟာမှာ ပုံတွေ ထည့်တာ များသွားလို့ loading လုပ်တာ အချိန်ကြာသွားမယ်ဆိုရင်လည်း တောင်းပန်ပါတယ်...
အနုပညာ ပြပွဲ ရှိတယ်...
မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု၊ အနုပညာ ပြပွဲကို ယခုလ ၁၀-ရက်နေမှ ၁၆-ရက်နေ့အထိ မန္တလေးမြို့၊ မြို့တော် ခန်းမ-၁ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ကြော်ငြာထားသော လမ်းဖြတ် ကြော်ငြာများအရသိရပါတယ်...
Sunday, December 03, 2006
... Mandalay & Pyin-Oo-Lwin (MayMyo) News ...
- Grand Royal က ဦးစီးကျင်းပပြီး မြန်မာ၊ အင်ဒို၊ မလေး (U23) ၊ မြန်မာ (U23) တို့ပါမယ့် Grand Royal ဖိတ်ခေါ် ဖလား ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇-ရက် ကနေ ၂၃-ရက်နေ့ အထိ မန္တလေးမြို့ ဗထူးကွင်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပမယ်လို့သိရပါတယ်...
ပြင်ဦးလွင် စိန်ရတုပွဲ...
- ဒီဇင်ဘာလ ၁၄-၁၈ ရက်အတွင်း ပြင်ဦးလွင် (မေမြို့) အမျိုးသားကန်တော်ကြီး ဥယျာဉ် စိန်ရတုပွဲတော်ကိုလည်း ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်မယ်လို့ သတင်းရထားကြောင်းပါ...
... Happy Birthday to Ko minO & Kalvin ...
ကျတော် ချစ်ခင် လေးစားရတဲ့ကိုမင်းအိုနဲ့ ကျတော့် သူငယ်ချင်းကြီး ကယ်လဗင် တို့ရဲ့ မွေးနေ့ပါ...
ပျော်ရွှင်စရာအတိ နဲ့ ပြီးပြည့်စုံတဲ့ နေ့ရက်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ...
တလိုက်တိုင်း ရနိုင်တဲ့ ဘ၀မျိုး ပိုင်ဆိုင်နိုင်ပါစေ...
ဖိုးဖွား မိဘ ဇနီးမယား သား သမီး မြေးမြစ် ချစ်သူခင်သူများနဲ့ စိတ်ချမ်းသာပျော်ရွှင်သော၊ ကျန်းမာပျော်ရွှင်သော ဘ၀တည်ဆောက်နိုင်ပါစေ...
Saturday, December 02, 2006
...လျှပ်တစ်ပြက်ဂျာနယ်မှ ဆောင်းပါး တစ်ပုဒ်...
အဲဒီလိုနဲ့ ကျွန်တော်တိုႛလည်း နောက်ထပ် ငွေ(၇)သိန်းခွဲ သွင်းပြီးနိုံင်ငံခြားကို ခရီးထွက်ဖိုႛ စီစဉ်ခဲ့ပါ တယ်။ လေယာဉ်လက်မှတ်ကို ပွဲစားက ယူထားပြီး၊ ထွက်ရမယ့်နေႛ လေ ယာဉ်ကွင်းမှာ ဆုံကြဖိုႛပြောပြီးလူချင်းခွဲ ခဲ့ကြပါတယ်။ ထွက်မယ့်နေႛ လေယာဉ် ကွင်းကို ရောက်သွားတော့ ပွဲစားက လေယာဉ်ခရီးစဉ် ပြောင်းလိုက်လိုႛ (၉း၃၀) က လေယာဉ်ထွက်သွားပြီ လိုႛပြောပၝတယ်။ ကျန်နေခဲ့တာပေၝ့နိုင်ငံခြားသွားဖူးတဲ့ အတွေႚအကြုံ လည်းမရှိ၊ လေယာဉ်တွေရဲႚ သဘော သဘာဝကိုနားမလည်သူတွေအတွက် သင်ခန်းစာယူစရာပါ။ ကျန်နေတဲ့ အတွက် နောက်ကျကြေးတစ်သိန်းခွဲ ထပ်ပြီး၊ ကုမ္ပဏီကို သွင်းရမယ်လိုႛ ဆိုပၝတယ်။ အဲဒီငွေ မပေနိုင်ရင် ပထမသွင်းထားတဲ့ ငွေ(၇)သိန်းခွဲလည်း ဆုံးမယ်တဲ့ နိုင်ငံခြားလည်း မသွားရဘူးတဲ့။ more...