
Sunday, April 30, 2006
Myanmar ICT Week 2006
The Fifth Myanmar ICT Week 2006, Seminar & Workshop
29/04/2006
13:00 - 14:30 Microsoft Visual Studio 2005 U Zaw Moe Tun
14:30 - 16:00 Windows Application Daw Kay Thwe Soe
16:00 - 17:00 Smart Client Application U Win Htein Win
30/04/2006
13:00 - 14:30 Web Application Daw Lae Mon Win
14:30 - 16:00 Web Services U Tin Htut Htut Naing Oo
02/05/2006
13:00 - 14:30 A Study on Linux U Wai Lin Kyaw
14:30 - 16:00 Embedded Track in OSS U Nay Lin Than
03/05/2006
13:00 - 14:30 OSS and Intellectual Property Rights U Maung Maung Thant
14:30 - 16:00 Development & Customization of OSS U Ye` Yint Win
04/05/2006
13:00 - 14:30 Internet for Everyone U Ye Tun Aung
***Place : : Room (205), Main Building, Myanmar Info-Tech
source: http://www.mcpa.org.mm/
Saturday, April 29, 2006
Friday, April 28, 2006
Mandalay Weather
ဘာဖြစ်လို့များပါလိမ့်လို့... နေတစ်မှာ ကိုမင်းအိုရေးထားတဲ့ မာလာဆိုတဲ့ ဟာကြောင့်မို့ကိုး....
minO wrote:
မာလာလို့ အမည်ရတဲ့ ဆိုင်ကလုံး မုန်တိုင်းတစ်ခုဟာ လာမယ့် ၂၄နာရီအတွင်းမှာ ရခိုင်အနောက်ဘက်ကမ်းရိုးတန်းကို ဖြတ်မယ်လို့ သိရပါတယ်...။ အခုတော့ မြစ်ဝကျွန်းပေါ်က ကမ်းရိုးတန်းဒေသတချို့ကို စတင်ဖြတ်ကျော်နေပြီ ဆိုပါတယ်...။ မုန်တိုင်းရဲ့ ဗဟိုနားမှာ တစ်နာရီမိုင် (၁၅၀)ခန့် တိုက်ခိုက်နိုင်ပါတယ်တဲ့...။ ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းဒီရေဟာ (၈)ပေကနေ (၁၂)ပေလောက်အထိလည်း တက်လာနိုင်ပါတယ်တဲ့...။
MgHla's short CV
. . . ပျော်ရွှင်စရာကောင်းသော ပတ်ဝန်းကျင် ၊ ကိုယ့်အလုပ်အပေါ် အခြားလူများမှ ၀င်ရောက်စွပ်ဖက်ခြင်းမရှိဘဲ ကူညီတတ်သော လုပ်ငန်းခွင် ၊ ချစ်ခင်စရာကောင်းတဲ့ မိသားစုအသိုင်းအ၀ိုင်းပုံစံနှင့် လစာကောင်းသော အလုပ်တစ်ခု လိုချင်ပါသည် . . .
ရာထူး - ကြိုက်တဲ့ ရာထူးပေးပါ . . . (ရာထူးအရေးမကြီးပါ)
လုပ်တတ်သည့်အလုပ် -
၁ - Graphic Design
၂ - Microsoft Platform Software installation (Win 3.x to Win 2003 Server & Application Softwares)
၃ - Networking Installation & Administration (လက်ရှိ ရုံးတွင် PC အလုံး ၃၀ ခန့်ပါဝင်သော Network နှစ်ခုကို အဆင်ပြေအောင် administration လုပ်ပေးနေ )
၎ - စာလည်း သင်တတ်ပါသည် . . . (အရင်အလုပ်က ကွန်ပျူတာ စင်တာ တစ်ခုက ကွန်ပျူတာသင်တဲ့ ဆရာပါ . . . IDCS အတန်းများမှာလည်း စာသင်ဖူးပါသည်)
၅ - Computer Programming နည်းနည်းပါးပါးရ . . .
အခုလက်ရှိ နေ့တိုင်း သုံးနေသည့် Software များ - Microsoft Word, Excel, Access, Powerpoint, Adobe Photoshop, PageMaker, Corel Draw, VB, Mapsource, MapInfo & ....
လုပ်ငန်းအတွေ့ကြုံ - (၉) နှစ်ကျော်ရှိ . . .
လစာ တစ်လကို ဘယ်လောက်လိုချင်သလဲဆိုတော့ - USD 250 ၀န်းကျင် (မန်းလေးမှာပဲ အလုပ်လုပ်ချင်သည် . . . ကျတော့် အမျိုးသမီးကို အိမ်မှာပဲ နားနားနေနေပြီး မိဘများကို လုပ်ကျွေးချင်လို့ပါ)
Thursday, April 27, 2006
မန္တလေးမှာ တစ်လ အတွက် လစဉ်ကြေး ကျပ် ၁၀၀၀/- စီ ပေးသွင်း စုဆောင်းကြတဲ့ “မေတ္တာမြေ” အမည်နဲ့ စေတနာရှင် လူမှုရေးအဖွဲ့ ဖွဲ့စည်း တည်ထောင် ထားပါတယ်။ ဒီအဖွဲ့က မိဘမဲ့ ကလေးငယ်များ ထိန်းသိမ်း စောင့်ရှောက်သောအဖွဲ့များ၊ ဘိုးဘွားရိပ်သာများ၊ ဆွံ့အ နားမကြား ဝေဒနာရှင် ပြုစု စောင့်ရှောက်ရေးအသင်းများနဲ့ ကျန်းမာရေး ချို့တဲ့သူများ-မသန်စွမ်းသူများ ပြုစု စောင့်ရှောက်သူများကို စေတနာရှင်တွေ ပါဝင်စုဆောင်းထားတဲ့ ငွေထဲက ခွဲဝေ လှူဒါန်း ပေးလျက်ရှိပါတယ်။ ၂၀၀၆၊ ဖေဖော်ဝါရီ ၂၀ ရက်အထိ စုဆောင်းငွေကျပ် ၇ သိန်းကျော်ရှိနေပြီး ဆက်သွယ်ပူးပေါင်းလိုသူတွေ ဦးသန်းဌေး၊ ဖုန်း- ၀၂-၃၂၀၆၈ (မန္တလေး)နဲ့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။
source: http://www.mchronicle.com.mm
Mandalay News - သို့မဟုတ် အတင်း (သို့) စိတ်ထွက်ပေါက်
အင်ဗာတာနဲ့ အလုပ်မဖြစ်တော့လို့ လေအား လျှပ်စစ်ထုတ်စက် (သို့) ဆိုလာစက် ဈေးပေါရင် ၀ယ်တတ်မလား စဉ်းစားနေတယ်... လေအားလျှပ်စစ်ထုတ်စက် ကြော်ငြာတာတော့ တွေ့မိပါရဲ့.. သုံးတာတော့ သိပ်မတွေ့ဘူး... ဆိုလာစက်ကတော့ တွေ့ကို မတွေ့တာ ဘာဖြစ်လို့လဲမသိ... ဈေးကြီးကြလို့လားမသိ...
အဲ .. ရေလည်း လာလာဆိုတော့... မနက် ၉-နာရီ - ၁၀-နာရီ ၀န်းကျင်ဆိုလာတတ်တယ်ဗျ... ကြွက်သေးပေါက်သလောက် ပေါ့ဗျာ... အိမ်ကတော့ ရေလာမှာကို မပူဘူး... မီးမလာမှာကိုဘဲ ပူတယ်... ဘာဖြစ်လို့လဲ ဆိုတော့ အိမ်မှာ အ၀ီစိတွင်းရှိတယ်လေ... ညနေ မီးလာတဲ့ ရက် ရေတင်ပြီဆို အိမ်မှာ ရေလာခပ်ကြတာကို မြင်စေချင်တယ်ဗျာ... တစ်ပြမှာ ရှိတစ်မျှ အိမ်အကုန်နီးပါး လာခပ်ကြတယ်... ရေစက်ကို ၂-နာရီလောက် မောင်းရတယ်... တခါတလေ ရေကို ရောင်းစားချင်စိတ်တောင် ပေါက်သား... ရေအကျိုး ၁၀-ပါးဆိုပြီး ခုချိန်ထိ အလကားပေးနေတယ်ဗျ...
Monday, April 24, 2006
ဆန်ဈေးနှုန်းအဆမတန်တက်ခြင်းသည် နိုင်ငံတော်၏ စေတနာ၊
ဝန်ထမ်းများ၏ တုံ့ပြန်မှုများအပေါ် ထိုးနှက်ချက်ဖြစ်နိုင်ငံတော်အစိုးရ၏ စီမံချက် အောင်မြင်မှုကို ထိခိုက်စေရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင်
(သို့မဟုတ်)
ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလုပ် လျှင် ထောင်ဒဏ် (၇) နှစ်သော်လည်းကောင်း၊
ငွေဒဏ်သော်လည်းကောင်း၊
နှစ်ရပ်လုံးအားသော် လည်းကောင်း ထိုက်သင့်စေရမည်။
more: http://www.popularmyanmar.com/pop_hop/news_index.php?newsid=181
Sunday, April 23, 2006
Myanmar Gold Price List 18-Apr-06 to 21-Apr-06
အနိမ့်ဆုံးဈေး အမြင့်ဆုံးဈေး
18.4.2006 454000 461000
19.4.2006 469000 479000
20.4.2006 504000 519000
21.4.2006 489000 494000
Saturday, April 22, 2006
Friday, April 21, 2006
အိမ်ရှေ့မင်းသွား တောလား - ၁
ဦးထိပ် ရေး...
မန်းမန်ဘာများ ယနေ့စုစည်းပြီးခရီးတိုလေးထွက်လို့
ပျော်ပျော်ပါးပါးသွားခဲ့ကြပါတယ် . . .
နောက်ကိုလည်းဒီလို
အစီအစဉ်လေးတွေနဲ့ ခရီးတိုလေးတွေ
ထွက်ကြရရင်ကောင်းမယ်ဗျာ ကနေ့သွားခဲ့ကြတာကတော့
အိမ်ရှေ့မင်းထန်းတောကိုပါ...ကိုမောင်လှ
ကျွန်တော် (ဦးထိပ် (ခ) နေမျိုးနွယ်)
သွယ်သွယ်
ငွေနှင်းမြူ အားလုံး ၇ယောက် သွားခဲ့ကြတာပါ . . .
ကိုဂျေ အိမ်မှာ အားလုံးလူစုပြီး နေ့လယ်ပိုင်းမှာ
အိမ်ရှေ့မင်းထန်းတောကို
ထွက်ခဲ့ကြပါတယ်...ဆိုင်ကယ် ၄ စီးလူက ၇ယောက်ပေါ့ ...
လမ်းမှာ ဆီထည့် လေဖြည့်ရင်းနဲ့၁နာရီလောက်မှာတော့
သခင်မတောင်နားကအိမ်ရှေ့မင်းထန်းတောကို
ရောက်ခဲ့ပါတော့တယ် . . . .
ထန်းရေ တစ်မြူမှာပြီး သူရဲကောင်း ရွေးရာမှာတော့
သူရဲကောင်း
သုံးယောက် ထွက်ပေါ်လာခဲ့ပါတယ် . . .သူရဲကောင်းကြီး သုံးဦးက ထန်းရေတစ်မြူ ကို
သောက်ခဲ့ကြပါတယ် . . . ကြွက်ကြော်၂ကောင်နောက် ပဲလှော်ကြော်သုတ်ဝယ်လာခဲ့တဲ့
မုန့်တွေ ထုတ်လို့ စားကြ သောက်ကြပေါ့ ...
စကားတွေလဲပြောစားလဲစားသောက်လဲသောက်နောက်ရိုက်လဲရိုက်ကြတယ်ဗျ . . .
ပုဂံနပ် ရေး...
ပျော်စရာကောင်းပါတယ်ဗျာ။
ခရီးသွားရတာလည်း
ဝေးဝေး
ရောက်သွားတော့လည်း ဟိုအကြောင်း
ဒီအကြောင်းနဲ့တော်တော့ကို
စုံစေ့အောင်
ပြောသွားကြတယ်။ ကိုမောင်လှ ဦးထိပ်
ကိုရမ်း ကိုဂျေအယ်လ်
ငွေနှင်းမြူ
သွယ်သွယ်... တို့ရေ...
နောက်နောင်ကျပြန်တော့လည်း အေးဆေး
(အိမ်ရှေ့မင်း
မဟုတ်တဲ့) တစ်နေရာမှာ
ထပ်တွေ့ကြတာပေါ့ဗျာ... ။ သြော်...
မေ့သွားလို့ဗျို့...
တခြားမင်ဘာတွေလည်း
လိုက်ခဲ့ပေါ့ဗျာ။
ပျော်ပျော်ပါးပါးပေါ့။ တာ့တာ။(ဦးထိပ်ရေးထားတဲ့ အထဲက ရိုက်တယ်ဆိုတာ
ဓါတ်ပုံပြောတာဗျို့.. ဒီလူကြီး ထည့်ပြီး ရှင်းမသွားတဲ့အတွက် ရှင်းလိုက်ရတာ)
ဦးထိပ် ရေး...
သြော် . . .
ရိုက်တယ်ဆိုတာဓာတ်ပုံပါ . .
ပထမပိုင်းတော့ဖျာနဲ့ ထိုင်လို့ နောက်
စားပွဲ
နဲ့ တန်းလျားနဲ့
ပြောင်းထိုင်ကြတယ်လေ . . .
ထန်းရေက တစ်မြူ ကြွက်ကြော်က နှစ်ကောင် ကိုမောင်လှ (ဦးထိပ်
ကျတော်ယူလာတာ မဟုတ်ဘူး
မောင်ရမ်းယူလာတာ) ယူလာတဲ့ ၀ိုင်နီက
တစ်ပုလင်း
သူရဲကောင်းက ၃ယောက် ၀ိုင်သာယူလာတယ်ဝိုင်ဖောက်တံက
မပါ...
ကြက်ကြော်မှာ ထားတာကလဲကြာတယ်ဗျာ
အရည်သောက်လေးချက်ပေးမယ်ဆိုတာကလဲ
မတွေ့ရ...
ဝိုင်ပုလင်းကို ဆိုင်ကယ်သော့နဲ့ ရအောင်ဖွင့်ဆိုင်က
ဓားနဲ့ ထိုးကလော်မရတော့ ဆိုင်ကယ်သော့နဲ့ ရသလောက်ဖဲဖဲ ပြီး ဖွင့်မရ ရအောင်
အားလုံး ကြိုးစားတယ်ဗျာ ကျွန်တော်လည်း ၀ိုင်ကိုတော့ စိတ်ဝင်စားသား ...
ဝိုင်ပုလင်းထဲကို သော့တွေနဲ့ရအောင် နဲနဲချင်းဖော့ကိုထုတ်ပြီးနောက်ဆုံး ဖော့ကို ၀ိုင်ပုလင်းထဲ
ထိုးထည့်ထားလိုက်တယ်ဗျာ .
. . ၀ိုင်အရသာက မေမြို့ဝိုင်လို
မကြိုက်ကြဘူးဖြစ်နေတာ . . . ၀ိုင်ကတော့ ကျွန်တော်ပဲ သောက်ဖြစ်တယ် ကျန်ရဲ့
သူရဲကောင်း ၃ယောက်ကတော့ တစ်မြူတည်းသော အိုးနဲ့ ကျေနပ်လေရဲ့ နောက်
တစ်မြူထပ်မှာပင်ကျရည် ချက်ချင်းတက်ခိုင်း မှာ အားလုံး ၃မြူဖြစ်ပေမဲ့
တကယ်သောက်ဖြစ်တာ တစ်မြူထဲပါဗျာကျန်တာတွေကစကားပြောနေတာနဲ့မသောက်ဖြစ်ပါဘူး အဲကုန်တာက ရေသန့်ဗျ ရေသန့်က ၃လုံး အားလုံး စကားတွေပြောလိုက်ကြာလေ . . . . .
ဦးထိပ်နဲ့ ကျန်တဲ့သူတွေ ဆက်ရေးရင် ထပ်တင်ပေးမယ်ဗျာ... အမှတ်တရပေါ့... ဓာတ်ပုံတွေလည်း တင်ဦးမယ်ဗျာ...
Myanmar News? or Gossips?
မြေပဲဆီဈေးက ၃ထောင်တဲ့...
တက်တယ်တဲ့...
တက်တယ်ဆိုတာ မကျဘူးပေါ့နော်...
သူတို့ နတ်ပြည်သွားနေကြတယ်ပေါ့နော်...
ကျတော်တို့ ငရဲပြည်သွားမယ်ပေါ့နော်...
.... ပေါ့နော်...
.... ပေါ့နော်...
Wednesday, April 19, 2006
အိမ်ရှေ့မင်းထန်းတောသွားကြမယ်...
ပင်ကျရည်လေးကို ကြွက်ကြော်၊ ကြက်ကြော်နဲ့ စားလိုက်သောက်လိုက်ဦးမယ်ဗျို့... ကြွက်ကြော်က ကြက်ကြော်ထက် ကောင်းတယ်ဗျ... မူးအောင်သောက်ကြမယ့်ကောင်တွေ မဟုတ်ပါဘူး... အမြည်းစားကြမယ့် ကောင်လေးတွေပါ... ထန်းရည်ဖိုးထက် အမြည်းဖိုးပိုမယ့် အဖွဲ့တွေပါ... လိုက်မယ်ဆိုရင် မနက်ဖြန် မနက် ၁၀း၃၀ နာရီ ကိုဂျေအယ်လ် (ခ) ကိုသခင်ကြီးအိမ် အရောက်လာခဲ့ဗျို့...
Tuesday, April 18, 2006
Mandalay News -ကြက်၊ ဘဲ၊ ငုံး အသားများ၊ ဥများစားနိုင်ပြီ
ကျန်မာသန်စွမ်းမှုရှိတဲ့ ကြက်သေ၊ ဘဲသေ၊ ငုံးသေများကို ၀ယ်ယူစားသုံးကြဖို့...
ကြက် ဘဲ အသားစိမ်းများကိုင်တွယ်တဲ့အခါ လက်အိတ်နဲ့ ကိုင်တွယ်ကြဖို့... လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့...
ပွက်ပွက်ဆူအောင် ချက်ပြုတ်ကြဖို့... (60ံ C မှာဆိုရင် မိနစ် ၃၀ ခန့်၊ 100ံC မှာ ဆို ၂-မိနစ်ခန့် ချက်ပြုတ်လျှင် အန္တရယ်ကင်းကြောင်း) နှင့်
....
....
....
တိုက်တွန်းနှိုးဆော်ထားပါတယ်...
Nestle Coffee Black
Monday, April 10, 2006
စိတ်အချဉ်ပေါက်ခြင်း
Myanmar News (Mandalay)
ကိုအောင်သူမြိုင် စောစောကမေးတဲ့ ဓာတ်ဆီ၊ ဒီဇယ်တစ်ဂါလန်ကို ၂၅၀၀ အထိ ဈေးတက်ယူမယ်၊ လျှပ်စစ် ယူနစ်တစ်ခုကို ၂၅ကျပ် ကနေ ၇၅ကျပ်အထိ ဈေးတက်ယူမယ်ဆိုတာ ကောလာဟလဖြစ်ပါတယ်။၁၀-၄-၀၆ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာမှ ပြန်လည် ကူးယူဖော်ပြသည်...
ကျတော်တို့မန္တလေးမှာ သင်္ကြန်ရောက်တော့မည် ဖြစ်သောကြောင့် ဓာတ်ဆီ တစ်ဂါလန်လျှင် ပြင်ပပေါက်ဈေး ၄၀၀၀-ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၃၀၀-ကျပ် ၀န်းကျင် ပေါက်ဈေးရှိကြောင်းပါ...
အစိုးရဓာတ်ဆီဆိုင် ရောင်းဈေးကတော့ တစ်ဂါလန် ၁၅၀၀-ကျပ်ပါ...
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်အောင်
အခုလို ၀န်ထမ်းတွေ လစာတိုးပေးတာကလည်း အခွန်အကောက်ကို စနစ်တကျကောက်ပြီးတော့ ဒီဟာကို ပေးခဲ့တာ ဖြစ်ပါတယ်။ ခုနကပြောသလို စနစ်တကျ ကောက်ခံတယ်၊ ကောက်ခံစရာရှိတဲ့ အခွန်အခတွေကို ထိုက်ထိုက်တန်တန် ထိထိရောက်ရောက် ပေးခဲ့နိုင်တာဖြစ်ပါတယ်။ ခုနကပြောသလို inflation ကို ၀န်ထမ်းလစာလေးပေးတာနဲ့ ကြိုတင်ခန့်မှန်းပြီးတော့ inflation တက်နိုင်တယ်၊ deflation တွေဖြစ်နိုင်တယ်ဆိုတာမျိုးကိုတော့ ကြိုတင် ခန့်မှန်းပြီး ပြောပြလို့ မရနိုင်ပါဘူး။ သုံးသပ်လို့ မရပါဘူး။၁၀-၄-၀၆ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာမှ ပြန်လည် ကူးယူဖော်ပြသည်...
ကျတော်တို့မန္တလေးမှာ ပြီးခဲ့တဲ့ လအထိ စားတဲ့ မြေပဲဆီဈေး တစ်ပိသာကို ၁၈၀၀ ကနေ ၂၀၀၀ ကျပ် ၀န်းကျင် အတွင်းမှာပဲရှိပါတယ်... လွန်ခဲ့တဲ့ ၄ ရက်လောက်က ၀ယ်တာ တစ်ပိသာကို ၂၅၀၀ ကျပ်ပါ... အဲဒါ နေ့လည်ဘက် ၀ယ်တဲ့ဈေးပါ... မနက်ပိုင်းတုန်း ၂၃၀၀ တဲ့ခင်ဗျ... သင်္ကြန်နားရောခါနီးရင် ဈေးတက်တာ သဘာဝပါပဲ ခင်ဗျ...
ရွှေဈေးကလည်း ပြီးခဲ့တဲ့လက ၃.၆ သိန်းကျော်ပါ... အခု ၄.၂၅ သိန်းလောက်ရှိပါတယ်... ကမ္ဘာ့ရွေဈေးတွေတက်လို့ပါ... ၂၅ နှစ်အတွင်း ထူးခြားစွာ ကမ္ဘာ့ရွှေဈေးတွေ တက်တယ် ဆိုပဲဗျ...
Testing Microsoft WEFT
Sunday, April 09, 2006
Chinese Pregnancy Chart..
The story goes that the original Chinese pregnancy chart was buried in a royal tomb nearly one thousand years ago, and you can now see it at the Beijing Institute of Science.
It's easy enough to use: just find the line on the pregnancy calendar that equates to your age and move along until you reach the month in which you conceived. If the square is pink, you'll have a girl, blue and expect a boy. If you're 21, according to the birth chart there's not much chance of a boy!
Of course it's just a bit of fun.... or is it?! The sex of both my kids was accurately predicted, and the Chinese pregnancy calendar scored considerably higher than the 50% correct you would expect with friends we have tried it on.
Clever people the ancient Chinese!
Month of Conception | ||||||||||||
Age Of Mother At Conception | Jan | Feb | Mar | Apr | May | Jun | Jul | Aug | Sep | Oct | Nov | Dec |
18 | F | M | F | M | M | M | M | M | M | M | M | M |
19 | M | F | M | F | F | M | M | F | M | M | F | F |
20 | F | M | F | M | M | M | M | M | M | F | M | M |
21 | M | F | F | F | F | F | F | F | F | F | F | F |
22 | F | M | M | F | M | F | F | M | F | F | F | F |
23 | M | M | M | F | M | M | F | F | F | M | M | F |
24 | M | F | F | M | M | F | M | F | M | M | F | M |
25 | F | M | F | M | F | M | F | M | F | M | M | M |
26 | M | M | M | M | M | F | M | F | F | M | F | F |
27 | F | F | M | M | F | M | F | F | M | F | M | M |
28 | M | M | M | F | F | M | F | M | F | F | M | F |
29 | F | M | F | F | M | F | M | M | F | M | F | F |
30 | M | M | F | M | F | M | M | M | M | M | M | M |
31 | M | M | M | M | F | F | M | F | M | F | F | F |
32 | M | F | F | M | F | M | M | F | M | M | F | M |
33 | F | M | M | F | F | M | F | M | F | M | M | F |
34 | M | M | F | F | M | F | M | M | F | M | F | F |
35 | M | F | M | F | M | F | M | F | M | M | F | M |
36 | M | F | M | M | M | F | M | M | F | F | F | F |
37 | F | F | M | F | F | F | M | F | F | M | M | M |
38 | M | M | F | F | M | F | F | M | F | F | M | F |
39 | F | F | M | F | F | F | M | F | M | M | F | M |
40 | M | M | M | F | M | F | M | F | M | F | F | M |
41 | F | F | M | F | M | M | F | F | M | F | M | F |
42 | M | F | F | M | M | M | M | M | F | M | F | M |
43 | F | M | F | F | M | M | M | F | F | F | M | M |
44 | M | F | F | F | M | F | M | M | F | M | F | M |
45 | F | M | F | M | F | F | M | F | M | F | M | F |
HtooEainThin.com Home Page Beta 0.03
Htoo Eain Thin Web site Home Page Beta 0.03 စန္ဒယားခလုတ် အဖြူရောင်များမှာ အသံထည့်ထား...
Saturday, April 08, 2006
Flyakite OSX

lynnseck wrote
အဲပဲလ် အိုအက်စ်အိပ်စ် ဗားရှင်းကို ၀င်းဒိုစ်း အိပ်စ်ပီပေါ်တွင် သုံးချင်သူများအတွက် အကောင်းဆုံး စစ်စတမ်သိမ်စ်း ဖြစ်ပါတယ်။ ဆိုဒ် ၃၀ မက်ဂါဗိုက် ဖြစ်ပါတယ်။ အဲပဲလ်နှင့် တစ်ပုံစံတည်း တူပါတယ်။ သာမာန် သိမ်စ်းများနှင့် မတူပါ။ ပရိုဂရမ် တစ်ပုဒ်အနေဖြင့် တွိ လုပ်ထားခြင်းဖြစ်ပါတယ်။ အချိန်မရွေး ပြန်ဖျက်နိုင်ပါတယ်။ ဘာ အဲရာမှ မတွေ့ရပါဘူး။ သုံးခဲ့သမျှထဲမှာ စိတ်တိုင်းအကျဆုံး ဖြစ်ပါတယ်ခင်ဗျား။ စမ်းသုံးကြည့်ကြပါ။
Click Here
http://osx.portraitofakite.com/
Friday, April 07, 2006
MgHla & Flash (SOS, F1, Help me, Kal Kya Par, ကူညီကြပါ)
ကျတော် မောင်လှ htooeainthin.com အတွက် ဒီဇိုင်းအသစ် ပြန်ရေးနေတယ်ဆိုတာ သိကြမယ်ထင်ပါတယ်... အခုကျတော် စမ်းသပ်ရေးထားတဲ့ home page design ကို http://www.htooeainthin.com/beta.htm မှာ သွားရောက်ကြည့်ရှုနိုင်ပါသည်...
ကျတော် မောင်လှမှာ Flash နှင့် ပတ်သက်ပြီး ဘာမှ မယ်မယ်ရရ လုပ်ဖူးသူမဟုတ်ပါ... ခုရေးထားတာတောင် စမ်းတ၀ါးဝါးနှင့် ရေးထားခြင်း ဖြစ်ပါသည်...
ခု အကူအညီ တောင်းလိုတာက Flash ဖိုင်ကို စတင်ရာမှာ ပြတဲ့ loading bar ဘယ်လို ရေးရလဲဆိုတာ သိချင်လို့ပါ... နမူနာတစ်ခု download လုပ်ပြီးကြည့်သော်လည်း အင်္ဂလိပ်စာ လွန်စွာညံ့ဖျင်းမှုနဲ့ Flash ကို ကျွမ်းကျင်စွာ မသုံးတတ်မှုတွေကြောင့် နားမလည်ပါ... လုပ်ကြည့်သော်လည်း အဆင်မပြေပါခင်ဗျား... သိသူ တတ်သူများ ကူညီ မစတော် မူကြပါခင်ဗျား...
ထူးအိမ်သင် site အတွက်ရေးတာ ဘာမှ မရပါခင်ဗျား... ၀ါသနာပါလို့သာ လုပ်နေရခြင်းဖြစ်ပါတယ် ခင်ဗျ... အပြင်ကုမ္ပဏီ အပ်မယ်ဆိုရင်လည်း Flash ပါတဲ့ ဒီဇိုင်းဆို ၅-သိန်းနဲ့ အထက် ကုန်ကျနိုင်ပါတယ်... ထူးအိမ်သင် site ကို အင်တာနက်ပေါ် ဖြစ်တည်အောင်ကြိုးစားနေကြသူများများ ဘိုင်ကောင်တွေပါ... hosting ကြေးတောင် အကြွေးထားလို့ mmbiz.net တောင်စပွန်ဆာပေးရတဲ့ အခြေအနေ ရောက်သွားကြရတဲ့ ဘိုင်ကျနေတဲ့ ကောင်တွေပါ...
Thursday, April 06, 2006
Myanmar Forum (http://board.NativeMyanmar.com)
jeepercreeper wrote:
မြန်မာစာ မြန်မာစကား ဆိုလို့ပါ..။
ဟိုတစ်နေ့က ကိုယ့်သားလေး(၇.နှစ်ခွဲ ) ကို "အဘ ထက်သားတစ်လကြီး" ဆိုတဲ့ စကားပုံလေးပြောမိပါတယ်..။ ပြန်ရှင်းပြနေလိုက်ရတာ နာရီဝက် လောက် ကြာသွားတယ်..။ ကလေးက သူတို့ကျောင်းမှာ အတန်းတွေ ခုန်ခုန်တက်သွားတာ..(၂)ခါတောင်ရှိနေပြီဖြစ်တဲ့ ကလေးမျိုးပါ.. (ဆိုလိုတာက ဥာဏ်ရည်အနိမ့်စားကြီးထဲက မဟုတ်တဲ့ ကလေးမျိုးလို့ ပါ..) ဒါတောင် "စကားပုံ" ဆိုတာမျိုးကို .. ဒီလောက်လွယ်တဲ့ဟာလေးမျိုးကို တော်တော်ရှင်းယူလိုက်ရတော့ ..။(အဲဒါရဲ့အဓိပ္ပါယ်အပြင် စကားပုံ ဆိုတာ ဘာလဲ..ဆိုတာကိုပါထပ်ရှင်းနေရသေးတာ)
ကိုယ်တို့တွေ ငယ်ငယ်ကဆို ဒီလောက်အသက်အရွယ်ဆို ဒီလောက်လွယ်လွယ် စကားပုံမျိုး လေးငါးခု လောက်တော့ အနည်းဆုံး သိပြီးနေခဲ့ပြီ ထင်တာပဲ ..။
ဒီခေတ်ကလေးတွေမတော့ တခြား မီဒီယာတွေ က ယူနေစရာတွေများ.များလှတာနဲ့ပဲ ..
ဟာ တဲ့နေရာတွေကျတော့ ဟာ ကုန်ကြတာ..။ ကြာကြာနေရင် next generation
တွေ မြန်မာစကားပုံ တွေကို သိမှသိပါတော့မလား..လို့တောင် တွေးမိသွားတယ်..။
ခု ကိုယ့်သားလေးတွေကိုတော့ တစ်နေ့နှစ်ခုလောက် (ခပ်လွယ်လွယ်တွေက.စလို့ ) နည်းနည်းချင်း သွင်း.သွင်းပေးသွားမလား..လို့ ..။
..........................................................
ဘာရယ်မဟုတ်ပါဘူး
Apr 1
4:34 PM me: http://www.htooeainthin.com/mghla/beta/ (New Link http://www.htooeainthin.com/beta.htm)
zengans: yea
ic
me: very poor flash design :(
...............
...............
...............
4:45 PM me:စန္ဒယားခလုတ်ပေါ် ပွိုင့်တာရောက်ရင် ပေါ်မယ့် အသံ ဘယ်သူ့ကို တီးခိုင်းရမလဲ
4:46 PM zengans: amm
ဒါတော့ ဘယ်သိမလဲ
ဖိုင်နှစ်ဖိုင်လောက်ဆို အဆင်ပြေမယ်ထင်ပါတယ်
me: ကိုဂျေကြီးကို တီးခိုင်းရင်ရမယ်ထင်တယ်
zengans: မတူတဲ့ အသံနှစ်ခုပေါ့
me: ခလုတ်တစ်ခုကို တစ်ဖိုင်ထားရမယ်ထင်တယ်...
zengans: တစ်ခုကို တစ်ဖိုင်ဆို ဆိုဒ်နည်းနည်းပိုကြီးသွားမှာပေါ့
4:47 PM virtual keyboard software ကထွက်တဲ့အသံကော
me: ကဲ အနုပညာဆန်အောင်လုပ်ရင်... web page အဖြစ်ဘယ်လို ပြောင်းရမလဲမသိတော့ဘူး... ကောင်းရော...
4:49 PM zengans: ဟီးဟီး
me: ထူးအိမ်သင်ရဲ့ မ....ငယ် ဖိုးသားကို တွေ့ရင် ပြောလိုက်ပါဦး web page အဖြစ် မပြောင်းတတ်တော့ဘူးလို့
zengans: ဟား ဟား
အင်း .. ပြောလိုက်ပါ့မယ်
ကြိုးစားကြတာပေါ့
တစ်နိုင်တစ်ပိုင်လေး
me: အန်နီမေးရှင်းမပါဘဲ ပုံအနေနဲ့ပဲ တင်ကြရအောင်လို့
5:28 PM me: ပြန်ပြီ
တာ့တာ
5:30 PM zengans: hote kae
bye bye
good luck
Tuesday, April 04, 2006
Windows Live Mail

Windows Live Mail join လုပ်ထားတာ ၂-ပတ်ကျော်ပြီ ... သတိရလို့ ၀င်ကြည့်တော့ဟော Windows Live Mail ကို သုံးလို့ရပြီတဲ့... ဘာတွေ ထူးလဲမသိ... ဒီမှာ ဘန်းထားတာဆိုတော့ ကျော်ခွ ၀င်ရတယ်ဗျ... မူလကမှ speed နှေးပါတယ်ဆိုမှ ကျော်ခွ ၀င်ရတော့ ပိုနှေးပြီပေါ့ဗျာ... နှေးလွန်းအားကြီးတာနဲ့ ဒီနေ့တော့ စမ်းကြည့်ရသေးဘူးဗျို့...
ဒါနဲ့စကားမစပ် ... Google AdScence စမ်းမလို့ လုပ်တာ စီးပွားရေးပိတ်ဆို့ထားတဲ့ နိုင်ငံထဲက ဖြစ်နေလို့တဲ့ အကောင့်ကို သုံးခွင့်မပေးဘူးဗျ... အဟီး ငိုချင်တယ်... ဒေါ်လှလေးဘာလေးများရမလားလို့...
စိတ်ရဲ့ ထွက်ပေါက်
တခါတလေ ငါ့စိတ်ဓာတ်ကြီး ယုတ်မာရိုင်းစိုင်းလာအောင် သူတို့တွေ လုပ်ကြတယ်ကွာ...
ငါ့ရဲ့ စေတနာကို သူတို့တတွေ ဆော်ကားချင်ကြတယ်ကွာ...
ငါ့ရဲ့ ......
င့ါရဲ့ ......
ငါ့ရဲ့ ......
Mandalay News (ဟိုတယ်များ စည်းကမ်းချိုးဖောက်က ပိတ်သိမ်းခံရမည် )
တည်းခိုသူများ အတွက် မလိုလားအပ် သော ၀န်ဆောင်မှုများ လုပ်ပေးခြင်းမှာ အကျည်းတန်ကြောင်းနှင့် ဖြစ်ပွား ခဲ့သော လူသတ်မှုနှစ်မှု၌ မန်နေဂျာများ၏ ပေါ့လျော့မှုကို များစွာတွေ့ရကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး စိုးမြင့်က ပြော ကြားသည်။
[via Myanmar Times]
Mandalay News
Mandalay News
Sunday, April 02, 2006
HtooEainThin.com 2006 Beta 0.02 Home Page
for Htoo Eain Thin web site Home page (Ah Pyin Ah Pyay - 3.2 (အပျင်းအပြေ - ၃.၂))
အပြင်ကလူနဲ့ အတွင်းကလူ ...
ကိုညီလင်းဆက် ရေးတာ
ဝန်ထမ်းတွေလစာ ၁၀ဆတိုး
ဝန်ထမ်းတွေ လစာ ၁၀ ဆ တိုးသွားပြီတဲ့။ ရုံးတွေကို စာဝင်ပြီတဲ့။ ဒါအမှန်ဆိုရင် ၀မ်းသာစရာပါ။ ၀န်ထမ်းတွေ အသက်ရှူ နဲနဲ ချောင်ပြီပေါ့။ ဒါပေမယ့် ဒီလစာတိုးတာကို လိုက်ပြီး ကုန်ဈေးနှုန်း မတိုးအောင်နဲ့ ပိုက်ဆံတန်ဖိုး မကျအောင် ထိန်းဖို့ လိုလိမ့်မယ်။ နို့မိုဆိုရင်တော့ ဘာမှ ထူးမှာ မဟုတ်ဘူး။ ပျော်ရွှင်ပါစေ မြန်မာပြည်။ မီးရေမှန်ပါစေ မြန်မာပြည်။
ဖြည့်စွက်။ အစိုးရ၀န်ထမ်း ၁၀ ဆ။ အပြင်ဝန်ထမ်း ၆ ဆ ဖြစ်ပါတယ်တဲ့။ သတင်း ထပ်မံ ရရှိပါတယ်။
မောင်လှ ရေးတာလေ...
Salary (Myanmar News)
အင်း ၁၀-ဆ ဖြစ်သွားပြီတဲ့... ကျတော်တို့တော့ မဖြစ်သေးပါဘူး... သူတို့ ဖြစ်သွားကြတာလေ... ခဏနေ လက်ဖက်ရည်ဆိုင်မှာ ကော်ဖီသောက်ရင်း မုန့်စားသွားလိုက်ဦးမယ်... ခါတိုင်းတော့ ၃-ယောက်သွားရင် အလွန်ဆုံးမှ ၁၂၀၀-ကျပ်လောက်ပဲ... နောက်ကျရင် တစ်သောင်းလောက် ကုန်မလဲ မသိ... နောက် ၁၀-နှစ်လောက်မှ ဖြစ်ပါစေလို့ ဆုတောင်းနေတယ်ဗျာ...
ဘာထူးလဲ...