gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဗေဒင်ဆရာကြီး ဦးညီလင်းဆက်...

အောက်ဖော်ပြပါ... အကြောင်းအရာများသည် ဗေဒင်ဆရာကြီး ဆြာညီလင်းဆက် နာမည်ကို ကြည့်ပြီး ဟောပြောထားသော အကြောင်းအရာများ ဖြစ်ပါသည်... ဆြာညီလင်းဆက်၏ ဟောပြောချက်များ လွန်စွာမှ မှန်ကန်ပါကြောင်း ထောက်ခံအပ်ပါသည်... ဗေဒင်ဆြာကြီးညီလင်းဆက် ဗေဒင်တော့ ဆက်လက် မဟောတော့ပါ... ဆရာကြီး၏ အခြားဟောပြောချက်များကို ဤနေရာတွင် သွားရောက် ဖတ်ရှုနိုင်ပါသည်...
ဒီနာမည်မျိုးဟာ အေးအေးဆေးဆေး သမားတွေ ဖြစ်ပါတယ်။ အရှုပ်ထုပ်တွေထဲ မပါလိုသူ မပါသူများလည်း ဖြစ်ပါတယ်။ ကိုယ့်ကိတ်စ ကိုယ်လုပ်ပြီး ကိုယ့်ဘ၀ ကိုယ်ထူထောင်သူတွေ များပါတယ်။ ထီကံ ချဲကံများ သိပ်မကောင်းတတ်ပါဘူး။ အပင်ပန်း ခံရတတ်တယ်။ ကိုယ့်ထက် အသက်ကြီးသော သူနဲ့ ဒါမှမဟုတ် သူငယ်ချင်း ဖြစ်သူနဲ့ လက်တွဲရတတ်ပါတယ်။ အတွေးသမားထက် လက်တွေ့သမားတွေ ဖြစ်ကြပါတယ်။ အညာခံ ထိတတ်ပါတယ်။ သူတစ်ပါးကို ယုံကြည်လွန်းမှုများကို လျော့သင့်ပါတယ်။ စူးစူးနစ်နစ် လုပ်တတ်သူတွေလည်း ဖြစ်ပါတယ်။ စက်မှု လုပ်ငန်းများနဲ့ အကျိုးပေးသူ အလုပ်လုပ်ရသူများ ဖြစ်တတ်ပါတယ်။ အရှည်ကို တွေးတတ်သူတွေလည်း ဖြစ်ပါတယ်။ သူများက ကိုယ့်ကို နင်းပြီး တက်သွားတာ မျိုးကို မကြာခဏ ကြုံရတတ်ပါတယ်။ အလုပ်ကို စိတ်တိုင်းကျ စွဲလုပ်ချင်သူတွေ ဖြစ်ပါတယ်။ ခဏလေး မြန်မြန်ဆန်ဆန် လုပ်ရတာမျိုးကို မကြိုက်သူတွေ ဖြစ်ပါတယ်။ ဘ၀မှာ အလိုမကျတာ ခံစားရတာတွေ များခဲ့ပါလိမ့်မယ်။ များပါဦးမယ်။ တော်ရုံလူတွေကို ကိုယ့်ဒုက်ခ ထုတ်ပြောပြီး အကူအညီယူတတ်သူများ မဟုတ်ကြပါ။ အကူအညီတောင်းရတာကို အားနာတတ်သူများလည်း ဖြစ်တတ်ပါတယ်။ ကိုယ်ပိုင်ဆိုင်တာလေးများအပေါ်မှာသာ ဂရုစိုက်ပြီးတော့ သူများကို သိပ်ဂရုမစိုက်သူများလည်း ဖြစ်ပါတယ်။ မိသားစုတာဝန်များ အဖေအမေ မောင်နှမတာဝန်များကို ယူရတတ် ယူတတ်သူဖြစ်ပါတယ်။ ညီးတွားတတ်သူများ မဟုတ်ကြပါ။ လုပ်စရာ ရှိတာကို အကျိုးမမျှော်ကိုးပဲ လုပ်ပေးတတ်သူများ ဖြစ်ကြပါတယ်။ မရှိမရှား အေးချမ်းသာယာတဲ့ ဘ၀တည်ထောင်လိုသူများ ဖြစ်ကြပါတယ်။ လောဘ မကြီးတတ်သူများ ဖြစ်ပါကြောင်း။

Comments

NLS said…
ဟားဟား။ အကိုကြီး မီးမွှေးပြီ။ မင်းသိင်္ခလို ဂန္ဓာရီ လှည့်လိုက်ရင် ကောင်းမလား မသိဘူး။ ဟားဟား
pyisoeyz said…
ကိုညီလင်းဆက်.. ကျနော့် ကို အရင်ဟောပေးနော်.. :D ဟီး...
Chan Mya Soe said…
ဗေဒင်တွေ ခေတ်ထနေတာနော် သိတယ်မလား :)
MgHla said…
ဘယ်လိုလဲ ကိုညီလင်းဆက်ရေ...
ဗေဒင်မေးတဲ့ လူတွေ လာကြလား

Ad