gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

စိတ်အချဉ်ပေါက်ခြင်း

ခု ဓာတ်ဆီထုတ်ပြီး ပြန်လာသည်... စိတ်အချဉ်ပေါက်လာသည်... ကျတော့် ဆိုင်ကယ်လေးမှာ အစိုးရသတ်မှတ်ထားတဲ့ တစ်ဂါလန် (၄.၅လီတာ) မဆန့်ပါဘူး... ၄ လီတာလောက်ပဲ ဆန့်တာပါ... ဒါကို ပန့်ကိုင်တဲ့လူက ပန့်ကစားသလား မမေးနဲ့ ... ပန့်ကစားတဲ့အပြင် ၂ စိတ်လောက်ခိုးတယ်ဗျို့... ခါတိုင်းနေ့တွေ ၁ စိတ်လောက် ခိုးတာ ခိုးနေကြမို့ ခံသာသေးတယ်... ဒီနေ့ စိတ်အချဉ်ပေါက်လာတယ်... မကျေနပ်ဘူးဗျာ... မကျေနပ်လို့တိုင်လဲ... ဆိုင်မန်နေဂျာက အရေးမယူတဲ့အပြင် ရိုက်ထုတ်မှာစိုးလို့ တိုင်ပြီး အလကား ဖြစ်မှာ စိုးလို့ မတိုင်ခဲ့ဘူးဗျို့...

မောင်လှ သင်္ကြန်ပိတ်ရက် အင်တာနက်သုံးနိုင်မည် မဟုတ်သောကြောင့် ဧပြီလ (၁၈) ရက်နေ့မှ ပြန်ရေးမယ်...

Comments

NLS said…
ကိုမောင်လှကြီး ကဲနေပြီလား မသိဘူး။ ဒါမှမဟုတ် ထမီတိုတို ရေစိုစိုလေးတွေကို လိုက်ကြည့်နေပြီလား။ ကျွန်တော့် အတွက်ပါ ပိုကြည့်လိုက်နော်။ :)
Anonymous said…
မဖြစ်နိုင်ပါ။ အိမ်တွင်ကလေးထိန်းနေရလောက်သည်။ ဟားဟား
MgHla said…
မမေ ပြောတဲ့အတိုင်းဗျို့... ဘယ်မှ မလည်ချင်လို့ မေမြို့ (ပြင်ဦးလွင်) တက်ပြီး ကလေးထိန်းခဲ့တယ်ဗျို့...

Ad